ချောင်းဦးမြို့နယ်အတွင်း ကားမိုင်းဆွဲတိုက် ခိုက်မှု ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး

မုံရွာ-မန္တလေးလမ်းအတိုင်းမောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ချောင်းဦးမြို့နယ်အတွင်း ဇူလိုင်လ ၂၅ ရက်နေ့က နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေး တပ်က ထုတ်ပြန်ထားသည်။

ပထမအကြိမ်မိုင်းဆွဲမှုမှာ မုံရွာမြို့မှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသည့် ဖောကား ၂၄ စီးပါ စစ်ကောင်စီ ယာဥ်တန်းအား ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာအကြား၌ မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှထုတ်လုပ်သည့် “အညာထန်းသီး” ဟုခေါ်သော လက်လုပ်ရှေ့ထွက်မိုင်း သုံးလုံးနှင့် Saw Bwar Gyi (MBTT) ၏ “Mytel မမ” ဟုခေါ်သော Mytel တာဝါတိုင်ဖြင့်တီထွင်ပြုလုပ်ထားသည့် လက်နက်ကြီးအမျိုးအစား နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ် ပြန်ထားသည်။

ယင်းကဲ့သို့တိုက်ခိုက်မှုကြောင့် ရှေ့ဆုံးကားနှစ်စီး၏ ကားဘီးများပွင့်ထွက်သွားကြောင်း မြောင် T.G.R ဦးဆောင်သူ ဗိုလ်တိုက်ဂါးထံမှသိရသည်။

“ရှေ့ဆုံးအစီးကို မိုင်းဆွဲလိုက်တာ။ ပြီးတော့ နောက်ကပ်ရပ်က တစ်စီးရယ်။ ကျွန်တော်တို့ မိုင်းဆွဲတဲ့ နေရာက သူတို့နဲ့သိပ်မကွာဘူး။ အလွန်ဆုံးကွာလှ ပေ ၁၀၀ လောက်နားကကပ်ဆွဲတော့ ထိခိုက်ပျက်စီးမှု ကို လှမ်းမြင်ရတယ်။ အသေအပျောက်ကတော့ မိုးကာအုပ်ထားတော့ မသိရဘူး။ သေချာတာကတော့ နှစ်စီးလုံး ကားဘီးတာယာတွေပွင့်ထွက်သွားတာ။ လေမပါရင် ဂွေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဂွေနဲ့မောင်းချ သွားတာပေါ့”ဟု ၎င်းက ပြောသည်။

ဒုတိယအကြိမ်မိုင်းဆွဲမှုမှာ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ကား ၁၂ စီးပါယာဥ်တန်းအား နတ်ရေကန်နှင့် ဂွေးပင်တောကျေးရွာကြားတွင် တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သား ၂၅ ဦးခန့်လိုက်ပါလာသည့် နောက်ဆုံးကားကို အညာထန်းသီး (ခေါ်) လက်လုပ် ရှေ့ထွက်မိုင်း သုံးလုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

“ရှေ့အစီးတွေက ဂျန်မာ (ဆက်သွယ်ရေးလှိုင်းနှောင့်စက်)ပါတော့ နောက်ဆုံးအစီးကိုခွဲလိုက်တာ၊ တည့် တည့်ထိသွားတယ်။ ရေပိုးစားလမ်းကွေ့နားလေးမှာ သူတို့အလောင်းတွေထပ်တင်သွားပြီး ချောင်းဦးမြို့ ဘက် ဆက်ထွက်သွားတယ်။ အဲဒီလမ်းမှာ သွေးတွေအိုင်နေတာတွေ့တယ်။ ကျွန်တော်တို့ ကိုယ်တိုင်မြင် တယ်။ ဒေသခံတွေရောပဲ” ဟု ဗိုလ်တိုက်ဂါးက ပြန်ပြောပြသည်။

လက်ရှိတွင် အဆိုပါယာဥ်တန်းမှာ ချောင်းဦးမြို့မှတဆင့် မုံရွာမြို့သို့ရောက်ရှိနေပြီဖြစ်ပြီး ယမန်နေ့ညက ချောင်းဦးမြို့ပေါ်နှင့် အနီးတဝိုက်ကျေးရွာများအား ရမ်းသန်းပစ်ခတ်မွှေနှောက်မှုများ လုပ်ဆောင်ခဲ့ ကြောင်း လည်းသိရသည်။

၎င်းမိုင်းစစ်ဆင်ရေးနှစ်ခုအား မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Saw Bwar Gyi (MBTT)၊ 11 Brothers Revolution Force နှင့် ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။

မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် ယင်းလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီ၏ ထောက်ပို့လုပ်ငန်းစဥ်များဖြတ်တောက်နိုင်ရေးအတွက် မိုင်းဆွဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် အညာထန်းသီး(ခေါ်)လက်လုပ်ရှေ့ထွက်မိုင်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရန်ပုံ ငွေများကောက်ခံလျက်ရှိ သည်။

“အညာထန်းသီး အလုံး ၅၀၀ ၆၀၀ လောက်လုပ်နိုင်ရင် ပိုပြီးအဲဒီလမ်းကို ထိန်းချုပ်လို့ရအောင် လုပ်နိုင် လေပဲ။ အရင်ကဆို မိုင်းတွေ ခဏခဏဖော်ခံရတာရှိတယ်။ အခုဆိုရင် မိုင်းဖော်ခံရတာ နည်းသွားပြီ။ ဘာလို့လဲဆိုရင် သူတို့မရှာရဲဘူး။ ဒီအညာထန်းသီးက ထိရောက်မှုလည်းများတယ်။ အဲ့လမ်းကို ပုံမှန်ထက် စိုးမိုးထားနိုင်ရင်တော့ ပုလဲ၊ ကလေး၊ ချင်းပြည်နယ်ဘက်ပို့မယ့် သူတို့ရဲ့လက်နက်ခဲယမ်းတွေ ကျွန်တော် တို့ ဖြတ် ထားနိုင်တာပေါ့။ တစ်ခါတစ်လေ သူတို့လေယာဥ်ဆီပို့တယ်။ အဲ့အခါ ပဒေသာ အလုံး ၂၀၊ ၃၀ ခွဲနိုင်ရင် သူတို့ကို အပြတ်ဆော်လို့ရတယ်။ အဲဒါဆို မုံရွာကို ရောက်မှာမဟုတ်ဘူး။ ဒီလမ်းပိုင်းက အချက် အချာကျတယ်”ဟု ၎င်းကဆိုသည်။

သို့ဖြစ်၍ မုံရွာ-ချောင်းဦးလမ်းပိုင်းကြား နယ်မြေစိုးမိုးနိုင်ရေးအတွက် ကူညီထောက်ပံ့ကြရန် ဗိုလ်တိုက်ဂါးမှ ပြည်သူများထံနှိုးဆော်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s