ဘိုကလေးမြို့တွင် စစ်ကောင်စီသတင်းပေး ပြည် ကျော်ရွှေဆိုင် ဗုံးပစ်ခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့မနက် ၁၀ နာရီ ဝန်းကျင်အချိန်က စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသည့် ပြည်ကျော်ရွှေဆိုင် ဗုံးပစ်ခံခဲ့ရ​ကြောင်း ဒေသခံများထံကသိရသည်။

အမှတ် (၃)ရပ်ကွက် ကမ်းနားလမ်း နှင့်ဗိုလ်ဗထူးလမ်းနေ ဦးနွေကျော်၏ ပြည်ကျော် ရွှေဆိုင် ဗုံးပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကို ဧရာဝတီတိုက်ငါးမန်း ပြောက်ကျားတပ်ဖွဲ့(ASF-STF)နှင့် ဘိုကလေး(ပကဖ)တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချို့ယွင်းမှုတစ်ခုကြောင့် ပေါက်ကွဲမှုမဖြစ်ပေါ်ခဲ့ကြောင်း ASF-STF တပ်ဖွဲ့၏တာဝန်ရှိသူ ဗိုလ်တိုက်ငါးမန်းက ပြောသည်။

“နွေကျော်ဆိုတဲ့လူက အာဏာသိမ်းပြီးကတည်းက စစ်တပ်နဲ့ပေါင်းနေတဲ့သူပါ၊ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်၊ စစ်တပ်ကအရာရှိတွေနဲ့ အရက်အတူသောက်ပြီး စစ်တပ်ကို ငွေကြေးထောက်ပံ့နေတာတွေလည်းရှိတယ်၊ ဒါကြောင့် ဗုံးပစ်ခဲ့တာပါ၊ ပေါက်ကွဲမှုမဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ အားလုံးဘေးကင်းပါတယ်”ဟု ဗိုလ်တိုက်ငါးမန်း ကပြောသည်။

၎င်းအပြင် စစ်ကောင်စီခန့် အုပ်ရေးမှူးများ Non-CDM များအနေဖြင့် စစ်ကောင်စီသတင်းပေး မပြုလုပ်ကြရန်၊ ပြည်သူများ အနေဖြင့် စစ်တပ်နှင့် ရဲများ၏ ဝေးရာတွင် နေထိုင်ကြရန် ဆက်လက်ပြောသည်။

“လိုက်နာမှု မရှိရင်တော့ သတိမပေးတော့ဘူး၊ ပြည်သူတွေက စစ်သားတွေ ရဲတွေနဲ့ နီးနီးကပ်ကပ်မှာရှိနေလို့ ပျက်ခဲ့တဲ့ မစ်ရှင်တွေလည်း မ နည်း ဘူး၊ ဒီတစ်ခါ နောက်ဆုံးသတိပေးတာပါ”ဟု ဗိုလ်တိုက်ငါးမန်းက​ ပြောသည်။

ဗုံးပစ်ခံရပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး ပေါက်ကွဲမှုမဖြစ်ပေါ်ခဲ့သည် လက်ပစ်ဗုံးကို လာရောက်သိမ်းဆည်းသွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s