မတူပီတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ CDF-မတူပီတို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF မတူပီက ပြောပါတယ်။

မတူပီမြို့နယ် မင်းတပ်-မတူပီကားလမ်ဘက်ကို လမ်းကြောင်းရှင်းဖို့ ခြေလျင် လာတဲ့ စစ်(…) ၁၁ ယောက်လောက်ကို ဇူလိုင် ၂၅ ရက်နေ့ မနက် ၁၁ နာရီလောက် လေမျိုချောင်းတံတားနားမှာ CDF-မတူပီက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ CDF-မတူပီ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်(…)တွေက ၂ ယောက်လောက်ပဲ ကျန်တော့တာဗျ။ ကျနော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အသံကြားတော့ စစ်တပ်ဘက်က လက် နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး တပ်ကူလိုက်လာလို့ လက်နက်ခဲယမ်းတွေကိုတော့ မသိမ်းနိုင်ခဲ့ဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

CDF-မတူပီ လှုပ်ရှားတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေပြီး သတိထားသွားလာကြဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

မတူပီမြို့နယ်မှာ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း ခလရ ၁၄၀ က စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူတယောက်ကို CDF-မတူပီက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s