မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

ကယားပြည်နယ် မိုးဗြဲမြို့ပေါ်ကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကား ၂၁ စီး၊ စစ်သား အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မိုးဗြဲ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ် BO-1 နှင့် BO-2၊ Loikaw PDF နှင့် URF အဖွဲ့တို့က ပူးပေါင်း ခုခံတိုက် ခိုက်ခဲ့ပြီး ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲမှာ ၃ နာရီ ဝန်းကျင် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး အဆမတန် အသုံးပြုခဲ့သောကြောင့် စစ်ရှောင် ပြည်သူများ နေထိုင်သည့် နေရာကို လက်နက်ကြီး ကျရောက်ခဲ့ကာ အမျိုးသမီး ၁ ဦးပွဲချင်းပြီး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ khit thit