မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အလက္ကပ္ပရွာနဲ့  ဝမ်းပြည့်ရွာကြားမှာ ဇူလိုင် ၂၅ ရက် မနက် ၈ နာရီကျော်က မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ် သားတွေကို  မိုင်းဆွဲတိုက်ခိုက်ခံခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ DK PDF(MMU)နဲ့ People Knight Defence Force Myintmu (PKDF.MMU) အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြင်းမူဘ​က်ကနေ မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်သား ၉ ဦးကို ပဒေသာမိုင်း ၃ လုံး၊ မိုင်းဘီလူး ၁ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ထိခိုက် သေဆုံးမှုလည်းရှိနိုင်တယ်လို့ (PAFD) က ထုတ်ပြန်ထားပေမဲ့  ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျ မသိရပါဘူး။

မိုင်းဆွဲတိုက်ခိုက်အပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက အပြင်းအထန် လိုက်လံ ပစ်ခတ်တာရှိပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s