ရေနံချောင်းမြို့နယ် လက်မှတ်ကုန်း နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ ဗုံးပစ်တိုက်ခိုက်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ၊ မြေနီခင်မြောက်ရပ်ကွက် ၊ လက်မှတ်ကုန်းရပ် ၊လမ်းမတော်လမ်းမပေါ်ရှိ လက်မှတ်ကုန်းနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က ဇူလိုင်လ ၂၅ ရက်နေ့ ည ၈နာရီအချိန်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ေကြာင်း သိရသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်က ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော် ၊ ကိုလှမိုးအောင် နှင့်ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်မှုကြောင့် နီးစပ်ရာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဘက်က ပြောသည်။

“ရဲစခန်းက လမ်းမပေါ်နဲ့နီးနီးလေးပါ။ လမ်းမတော်လမ်းမကြီး လမ်းသွယ်လမ်းထောင့်မှာရှိတာပါ။ ဒေသကာကွယ်ရေးတပ်နဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာပါ။ ဗုံးနှစ်လုံးပစ်ဖို့ပါ၊ အခက်အခဲတစ်ခုကြောင့် ဗုံးတစ်လုံးပဲ ပစ်လိုက်ရပါတယ်။ အချုပ်ကျတဲ့နေရာအနီး ကျမယ်ထင်တယ်။ ပစ်ခတ်တိုက်ခိုက်အပြီး ခဏနေတော့ သေနတ်သံတွေကြားရတယ် ။ကျနော့် ရဲဘော်တွေတော့ အန္တရာယ်ကင်းပါတယ် ။ သူတို့ဘက်ကထိခိုက်မှုရှိနိုင်ပါတယ်” ဟု မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ (Caf-Spupdf)၏ တပ်ရင်းမှူးငှက်ခါးက မဇ္စျိမကို ဖြေကြားသည်။

အဆိုပါနယ်မြေရဲစခန်းတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်အချို့သာရှိနေပြီး တစ်ခါတစ်ရံ စစ်ကောင်စီတပ်သားများ လာရောက်စခန်းထိုင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်အပြီးတွင် စခန်းအတွင်း သေနတ်သံများကြားရခြင်း၊ ထပ်မံ၍ ရေနံချောင်းမြို့အတွင်း သေနတ်သံများထွက်ပေါ်လာပြီးနောက် မြို့ကိုပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်လက်၍ တပ်ရင်းမှူးငှက်ခါးက “ ဆေးရုံက မီးမှိတ်ပြီး ဝင်လာတယ် ။ နောက် ရေနံချောင်းမြို့နယ်ဆေးရုံကို မောင်းထွက်သွားတယ်လို့ ပြောတယ်။ ထိခိုက်မှုက ညတွင်းချင်းဆိုတာ့ သေချာမသိရသေးဘူး “ ဟု ထပ်မံဖြေကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရေနံချောင်းမြို့နယ်မှ ဖေကံကောင်းအဖွဲ့နှင့်ပူးပေါင်းပြီး Caf-Spupdf အဖွဲ့မှ ပြောက်ကျားရဲဘော် CL က ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s