ရေနံချောင်းရဲကင်း၊ ရန်ကုန်အလုံ လ၀ကရုံး၊ ကလေးမြို့နယ်တို့တွင် ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အာသာဝတီလမ်းတွင် အလုံမြို့နယ်လဝကရုံးကို ယနေ့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က ပိတ်ဆို့ ရှင်းလင်းမှုများ လုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ ကျော်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပြီး ဗုံးမပေါက်ကွဲခဲ့သော်လည်း စစ် တပ်က ပိတ်ဆို့ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။

အလားတူ ယနေ့ ဇူလိုင် ၂၅ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း ကလေးမြို့တွင်း နေရာအနှံ့အပြားတွင် သေဒဏ်စီရင်ခံရသည့် ရဲဘော် ၄ ဦးအ တွက် ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း Operation MoMo (team momo) အဖွဲ့နှင့်ဒေသသတင်းရင်းမြစ် Voice of Kalay ထံမှ သိရသည်။

ကလေးမြို့တွင် ဗုံးပေါက်ကွဲသံများကို ယနေ့ ညနေပိုင်းကတည်းက စတင်ကြားရပြီး အချက်ရေအများအပြားဖြင့် မိနစ်ပိုင်းခြားအတွင်း အကြိမ် ရေများပြားစွာ ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါမြို့တွင်းဖောက်ခွဲမှုကို Operation MoMo (team momo) အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သေဒဏ်စီရင်ခံလိုက်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးအတွက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေနံချောင်းမြို့၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်းတွင် ယနေ့ ည ၈ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဗုံးပေါက်သံက အတော်ကိုကျယ်တာ။ ရဲတွေထွက်လာပြီး ပစ်ခတ်သံတချို့တော့ ကြားတယ်။ ကျနော်တို့လည်း မှောင်တော့ ထွက်မကြည့်တော့ဘူး။ ပေါက်ကွဲသံတော့ကြားလိုက်ရတယ်။ လူထိတာ မထိတာတော့မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s