ရဲတပ်ဖွဲ့ဝင်များအား သက်စွန့်တာဝန်စရိတ်ဆိုကာ တစ်လ ၁၀,၀၀၀ ကျပ်ခံစားခွင့်ပြုမည်ဟု စကစ ထုတ်ပြန်

ရဲတပ်ဖွဲ့ဝင်များအားလုံးအတွက် လက်ရှိလစာအပြင် သက်စွန့်တာဝန်စရိတ်ဟုဆိုကာ တစ်လလျှင် ၁၀,၀၀၀ ကျပ် နှုန်းခံစားခွင့်ပြုမည်ဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်း သက်စွန့်တာဝန်စရိတ်ခံစားခွင့်ကို သြဂုတ်လမှစတင်ခံစားခွင့်ပြုသွားမည်ဟု ယင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမိန့်ကြော်ငြာစာအမှတ် ၆၇/၂၀၂၂ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ရဲတပ်ဖွဲ့ဝင်များအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် လစဥ်ထောက်ပံ့ခြင်းဟု ဖော်ပြထားသည်။

” ဒါကလည်း သက်သက် အောက်ခြေတပ်ဖွဲ့ဝင်တွေကို မက်လုံးပေးတာပါဗျာ၊ ရဲဆိုတာမျိုးက လိုင်းကြေးကောက်ရင်တောင် ဒီထက်မကရတယ်၊ တိုက်ခိုက်ရေးရဲတော့ မပြောတတ်ဘူး၊ စခန်းရဲကတော့ ဒီအမိန့်စာထွက်ပြီးနောက်ပိုင်း ရယ်ချင်နေကြတာ၊ မမျှော်လင့်သလို မက်လည်းမမက်ပါဘူး” ဟု စကစလက်အောက်ခံ ပြည်ထဲရေးဝန်ထမ်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်ပြုလုပ်သည့် စီးပွားရေးရာကော်မတီအစည်းအဝေး (၆/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင် ၂၂ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s