လောင်းလုံးမြို့နယ်တွင် ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်က နေအိမ်သို့လာရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၆ ရက် နေ့ နံနက် ၃ နာရီအချိန်၌ ဒေသခံသုံးဦးကို စစ်ကောင်စီတပ်က နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီး သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့်ဒေသခံသုံးဦးမှာ လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ၎င်းတို့ကို အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားဖြင့် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အောက်ရေဖြူရွာနေ ဒေသခံတစ်ဦးက “ ဒီမနက်မှာ vigo ကားအမျိုးအစား ကားသုံးစီးအပါဝင် အိမ်စီး ကားတွေနဲ့ စစ်တပ်ကလာပြီး ဖမ်းသွားခဲ့တာပါ။ ဖမ်းခံရတဲ့လူတွေက နိုင်ငံရေးလှုပ်ရှားမှုမရှိတဲ့ သူတွေ ဖြစ်နေတယ်”ဟု ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ကိုမောင်မောင်လွင်၊ ကိုညီမောင်ထွေးနှင့် မဇာဇာမြင့်တို့ ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့သုံးဦးကို လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရ သည်။
ယကဲ့သို့ ဒေသခံသုံးဦးကိုဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ယင်းကျေးရွာအတွင်းရှိ ဥယျာဉ်ခြံများ ကို တောနင်းရှာဖွေမှုများ ပြုလုပ်နေသည့်အတွက် ဥယျာဉ်ခြံအလုပ်သမားများ စိုးရိမ်ထိန့်လန့်နေကြောင်း ဒေသခံများထံမှ သိရသည်။mizzima