လွယ်ဆမ်ဆစ်တောင်ခြေရွာအနီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်၊ ၃ နှစ်က လေး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ လွယ်ဆမ်ဆစ်တောင်ခြေ၊ မန်နောင်ရွာအနီး ယူကလစ်တောမှာ ဇူလိုင် ၂၅ ရက် မနက် ၇ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၄၊ တပ်ရင်း ၂၉ တို့ တိုက်ပွဲဖြစ်ခဲ့ရာမှာ အသက် ၃ နှစ်အရွယ် ကလေးငယ် တဦး ဦးခေါင်းမှာ ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒဏ်ရာရသူကိုကူညီပေးသူ တဦးကက “၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ခေါင်းမှာ လက်နက်ကျည်စ ထိမှန်လို့ ဆေးရုံမှာ။ အခြေအနေ စိုးရိမ်ရတယ်။” လို့ ပြောပါတယ်။

လွယ်ဆမ်ဆစ်တောင်ခြေ မန်နောင်ရွာမှာ စစ်ကောင်စီတပ်တွေရှိနေတဲ့အချိန် ကေအိုင်အေဘက်က လာပစ်တာလို့ အဲဒီဒေသခံက ဆိုပါတယ်။

တိုက်ပွဲက မနက် ၇ နာရီ ကျော်လောက်က  ဖြစ်ပွားပြီး  ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ် မသိရသေးပဲ စစ်ကောင်စီဘက်က ကား ၅ စီးလောက် လာရောက်ပြီး ပြန်လှည့် လာတာတွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

“စစ်ကောင်စီတပ်က ထိခိုက်သူတွေကို သိန္နီတပ်ဘက် နှစ်ခေါက်တင်သွားပြီ။ တော်တော်တော့ ထိတယ်။” လို့ ကေအိုင်အေ ရှေ့တန်း စစ်သည်တဦးက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်ကလည်း စီစီဝမ်တောင်အနီး နွားလဘို့ တောင်ခြေမှာ အသက် ၉ နှစ်ကျော် အရွယ် ကျွဲကျောင်းသားကလေး တယောက် မိုင်းနင်းမိ သေဆုံးခဲ့ပါသေးတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေထဲမှာ လတ်တလော စစ်ကောင်စီတပ် နဲ့ ကေအိုင်အေတို့ကြား မကြာခဏ တိုက်ပွဲ ဖြစ် ပွားနေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s