အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးရဲ ဘော် ၄ ဦးကို သေဒဏ်ပေး သတ် ဖြတ်မှု ကု လ သမဂ္ဂ အတွင်းရေးမှူးချုပ်က အပြင်းထန်ဆုံးရှုတ်ချ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအား လုံး လွှတ်ရန် တောင်းဆို

အကြမ်းဖက်စစ်ကောင်စီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးအောင်သူရဇော်နှင့် ဦးလှမျိုးအောင်တို့ကို သေဒဏ်ပေး သတ်ဖြတ်မှုကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterresက အပြင်းထန်ဆုံးရှုတ်ချကြောင်း ကုလသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်သည်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ၏ ပြောခွင့်ရ Farhan Haq က ပြောဆိုသည်။

မည်သည့်အခြေအနေတွင်ဖြစ်စေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် သေဒဏ်စီရင်မှုကို ကန့်ကွက်ကြောင်းလည်း ထုတ်ဖော်ပြောဆိုသွားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s