ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကား၂စီး ပျက်စီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းကို ဇူလိုင်လ ၂၆ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီယာဉ် နှစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမှ ဝေါဘက်သို့ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဇူလိုင် ၂၆ရက် နံနက် ၁၁နာရီကျော်တွင် KRF၊ KNU/KNLA၊ PDF ပူးပေါင်းအဖွဲ့တို့မှ ပဒေသာမိုင်းဖြင့်တိုက်ခိုက်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် နှစ်စီး ထိမှန်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းလျှက်ရှိကြောင်း သိရသည်။

KRF အနေဖြင့် စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း ရေးသားထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s