စစ်ကောင်စီနှင့်ပတ်သက်၍ မလေးရှားအစိုးရက အရေးကြီးဆုံးဖြတ်ချက် နှစ်ခုချမှတ်၊ အာဆီယံဝန်ကြီးအဆင့်အစည်း အဝေး အားလုံးသို့ စစ်တပ်ဘက်မှ နိုင်ငံရေး ကိုယ်စားလှယ် တက်ခွင့်ပိတ်ပင်၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြီးမြောက်သည်အထိ အကောင်အ ထည်ဖော်မည့် မူဘောင်ချမှတ်ရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြောဆို

အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူများကို သတ်ဖြတ်လိုက်ခြင်းဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လှောင် ပြောင်သရော်လိုက်သဖြင့်ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကပြောဆိုလိုက်သည်။

စစ်ကောင်စီနှင့်ပတ်သက်၍ မလေးရှားအစိုးရက အရေးကြီးဆုံးဖြတ်ချက် နှစ်ခုချမှတ်လိုက်ပြီး အာဆီယံဝန်ကြီးအဆင့်အစည်း အဝေးများ အားလုံးသို့ စစ်တပ်ဘက်မှ နိုင်ငံရေးကိုယ်စားလှယ်စေလွှတ်ခွင့်ပိတ်ပင်လိုက်ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အ ထည်ဖော်ရာတွင် ပြီးမြောက်သည်အထိ ဆောင်ရွက်မည့် မူဘောင် ချမှတ်ရမည်ဖြစ် ကြောင်း၊ အဆိုပါ မူဘောင်တွင် အားလုံးပါဝင်ရမည်ဖြစ်ပြီး ပါဝင်သူအားလုံး၏ လူမှုနှင့်နိုင်ငံရေးအခွင့်အရေးများကို အခြေခံဥပဒေနှင့်အညီ ပေးအပ်ရမည်ဟု ၎င်းကဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Dr Noeleen Heyzerနှင့် တွေ့ဆုံကာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ၊ မြန်မာ့အရေး နောက်ဆုံးအခြေ အနေများကို ဆွေးနွေးကြကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s