ဇေယျာသော်စစ်ဆင်ရေးဆင်နွှဲခဲ့သည့် ယော P DF က ကျည်ဆန် ၁၀၀၀ ကမ်ပိန်းတွင် ပါဝင်ရန် ဖိတ်ခေါ်

အကြမ်းဖက်စစ်ကောင်စီကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ ဇေယျာသော်စစ်ဆင်ရေး ဆင်နွှဲအောင်မြင်ခဲ့တဲ့ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့-ဆော Yaw Defense Force-SAW က ကျည်ဆန် ၁၀၀၀ ကမ်ပိန်းမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် ၄ ယောက်ကို မတရား သေဒဏ်ကွပ်မျက်စီရင်ချက်ချတဲ့အပေါ် လက် တုန့်ပြန်တဲ့အနေနဲ့ ဇူလိုင် ၂၆ ရက် ဒီကနေ့မနက်ပိုင်းမှာ ပေါက်တောင်ပိုင်း စစ်ကောင်စီတပ်စွဲထားတဲ့ တပ်ကုန်းရွာ ပျူရွာတရွာကို PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြရာမှာ တိုင်းပြည်သစ္စာ ဖောက်လောက်ကောင် ပျူစောထီး ၃ ယောက်နဲ့ စစ်ကောင်စီ  တပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

YDF-SAW နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတော့ တစုံတယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လတ်တလောမှာတော့ မတရားမှုတွေ အဆုံးသတ်ချိန်တန်ပြီဖြစ်တာကြောင့် နောက်ထပ်ပူးပေါင်းစစ်‌ဆင်ရေးတွေ အရှိန်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး ကျည်လိုအပ်ချက်တွေအတွက် ကျည်ဆန် ၁၀၀၀ ကမ်ပိန်းမှာ နိုင်ငံတဝန်း မိဘပြည်သူတွေကို ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပြီး လှူဒါန်းလိုပါက YDF-SAW ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကနေ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s