တောင်ငူတွင် စစ်မှုထမ်းဟောင်း သတင်းပေး အောင်ဇော်ဦး ပစ်ခတ်ခံရပြီး သေ ဆုံး ၊ ဘီးလင်း၊ ပြည်ကြီးတံခွန်၊ တွံတေး၊ မုံရွာ၊ ကျိုက်ထို၊ မတ္တရာ၊ ပင်းတယ၊ အောင်လံတို့တွင် အုပ် ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင်၊ ပျူစောထီးများ ပစ် ခတ် ခံရ ပြီး ၉ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီမြို့၊သစ်တပင်ရွှေထီးရပ်ကွက်နေ လေတပ်စစ်မှုထမ်းဟောင်း၊ စစ်တပ်သတင်းပေး လင်းယုန်ကြီး(ခ) အောင်ဇော်ဦး ယနေ့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန် တောင်ငူမြို့၊ လဲဘူးကျေးရွာအနောက်ဘက် တွင် အောင်ဇော်ဦး ကားမောင်းလာစဉ် ၃၅၀၁ တပ်ရင်း၊ တောင်ငူမြို့အခြေစိုက် အထူးချေမှုန်းရေးမြေအောက်လှုပ်ရှားမှုတပ်စိတ်က

လိုက်လံပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ မှ နန်းထိုက်အောင် စစ်ဆင်ရေး ၏ တစ်စိတ် တစ်ဒေသ အဖြစ်သော်လည်းကောင်း ကျဆုံးတော်လှန်ရေးရဲဘော်များအတွက် သွေးကြွေး ဆပ်ခြင်း အဖြစ် သော် လည်းကောင်း လေတပ်စစ်မှုထမ်းဟောင်း စစတပ်သတင်းပေး အောင်ဇော်ဦးကို ရှင်းလင်းခြင်းဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

အောင်ဇော်ဦးသည် စစ်တပ်ထံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းများပေးခြင်း၊ စစ်တပ်အတွက် လမ်းပြလိုက်ခြင်း၊ နယ်မြေသတင်းများကို ၎င်းတို့ အမာခံနယ်မြေခံသတင်းပေးများမှ သတင်းများစုစည်း၍ စစ်တပ်ထံ သတင်းပေးခြင်း၊ ခြိမ်းခြောက် ဆက်ကြေးတောင်းခြင်း၊ တိုင်းဗဟို ၆ G1 ဆိုသူထံသို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်း၊ နယ်မြေသတင်းများ ၊ ဆက်ကြေးများ စုဆောင်းပေးခြင်း၊ PDF များ၊ UG များဖမ်းဆီးရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းတို့လုပ်ဆောင်သည့်အပြင် တောင်ငူ မြို့နယ်ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့မှစ၍ တောင်ငူခရိုင်အတွင်း စကစများနှင့် ပက်သက်နေသမျှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ခွင့်လွှတ်နေမည်မဟုတ်တော့ပါ ပျူစောထီးများအားအထူးသတိပေးပြောကြားလိုသည်မှာ မိမိတို့၏ လုပ်ရပ်များအား ရပ်တန်းမှရပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ မှ ထပ်မံ၍ သိစေအပ်သည်

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူး သန်းလှိုင်ကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဃ ရပ်ကွက် ၁၁၅ လမ်းနှင့် လမ်း ၆၀ ထောင့်တွင် မြို့နယ် လျှပ်စစ် ဝန်ထမ်း နေလင်းကို ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နေအိမ်၌ ရှိနေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

သေဆုံးသူ နေလင်းသည် ရင်ဘတ်၊ ပေါင်နှင့် လက်ပြင်တို့တွင် သေနတ် ဒဏ်ရာ ၃ ချက်ထိမှန်ကာ ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပြည်ကြီးတံခွန် မြို့နယ် အတွင်းရှိ မီတာခ ပေးဆောင်ခြင်းမရှိသော နေအိမ်များကို မီတာ လိုက်ဖြုတ်ရာတွင် ဦးဆောင်သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့ မလော့ချောင်ကျေးရွာတွင် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ကြံ့ဖွတ်ပါတီ ဥက္ကဌ သိန်းငွေကို မုက္ခမူအနီး Mytel တာဝါတိုင် အ‌ရှေ့တွင် ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်တွင် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း KRF အဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင်ရန်ကုန် တွံတေးမြို့ စျေးသစ်ရပ်ကွက် မရမ်းကုန်းတွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မြင့်ကြည်(ခ)ဂျပုမကို မြို့ပြပြောက်ကျား အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မြင့်ကြည်(ခ)ဂျပုမသည် အကြမ်းဖက် စစ်တပ် ထောက်တိုင်အဖြစ် တော်လှန်ရေး ရဲဘော်များ၏ သတင်းအားပေးပို့ခြင်း၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအားချိတ်ပိတ်စေရန် ရဲသတင်းပေးများဖြင့် ပူပေါင်းဆောင်ရွက်ခြင်း၊ ရပ်ကွက်အတွင်းရှိ လူငယ်များအားစောင့်ကြည့်၍ အပြစ်မရှိ မပြစ်ရှာ တိုင်တန်းခြင်း၊ ယခင်စစ်အစိုးရ လက်ထက်ကပင် စစ်တပ် ထောက်တိုင် အကြီးစားဖြစ်ပြီး ၎င်း၏ခင်ပွန်းသည်လည်း စစ်ထွက်တစ်ယောက်ဖြစ်​ကာ ၎င်းနှင့် ဆွေမျိုး တော်စပ်သူများသည် တွံတေး-မအူပင် ကားလမ်း ဖောက်စဥ် ကပင် စစ်တပ်အရာရှိများနှင့်ပေါင်းကာ ပြည်သူများအား ဒုက္ခပေးသူဖြစ်ပြီး ၎င်း၏ သားဖြစ်သူ တစ်ဦးသည်လည်း လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်သားတစ်ဦးဖြစ်ကြောင်း မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း အောင်လံမြို့နယ် ရိုးမပေါ်ရှိ PDF တစ်ခန်း တစ်ခုအား စစ်တပ်ကို လမ်းပြပြီး PDF ရဲဘော် ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သော ပဒဲကျေးရွာသား သိန်းဇော်ကို မကွေးတိုင်း ပြည်သူ့ကာကွယ်တပ်-အောင်လံမှ တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မကွေးတိုင်း PDF (အောင်လံ) တပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ သိန်းဇော်ကို မကွေးတိုင်း ပြည်သူ့ကာကွယ်တပ်-အောင်လံမှ မတ်လ ၆ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ပြီး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မလုပ်ဆောင်ဘဲ ရပ်တန့်ရန် သတိပေး ပြောဆိုခဲ့သော်လည်း လိုက်နာခြင်း မရှိသောကြောင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသည်။

ထို့ပြင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ်၊ ကူတော့ ပလ္လင်ကျေးရွာမှ စစ်တပ်သတင်းပေး ဖြစ်သူ ခင်မောင်လွင်နှင့် ဇနီး ဥမ္မာလွင်တို့ကို သေနတ်သမားတချို့ကို ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဇီးဖြူပင်ရွာနေထိုင်သည့် ရန်နိုင်ကို မန္တလေး PDF က ဇူလိုင်လ ၂၃ ရက်နေ့တွင် ပစ်ခတ်ရာ သေဆုံးသွားကြောင်း ၊ ဒလန်ရန်နိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလက တောင်နီချောင်တွင် စခန်းချနေသည့် မန္တလေး PDF ၏မဟာမိတ်စခန်းကို သတင်း ပေးစီးနင်းရာတွင်ပါဝင်ခဲ့ကြောင်း၊ ရန်နိုင်နှင့်အပေါင်းအပါးများက ကျေးရွာတွင် ရန်ပုံငွေများကို လောင်းကစားလုပ်ခိုင်းခြင်း၊ အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီစစ်သားများကို ကြိုဆိုခြင်း၊ အရက်စသည့်လိုအပ်များကို ဝယ်ယူပေးခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ မိုင်းအင်းကျေးရွာမှ စစ်ကောင်စီခန့်ရာအိမ်မှူး စိုးလှ ဇူလိုင်လ ၂၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s