ထီးချိုင့်-အင်းတော် အစပ်တွင် စစ်ကြောင်း တိုက်ခိုက်ခံရမှု စစ်သား ၅ ဦးထက်မနည်းသေ ဆုံး၊ ရေးမြို့နယ် တံတားကြီးထိပ်၊ စစ်ဆေးရေးကင်းဂိတ် ပစ်ခတ်ခံရမှု စစ်သား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ် အစပ်တောတွင်းတနေရာတွင် စစ်ကြောင်စီ စစ်ကြောင်းတခုကို ယမန်နေ့ ဇူလိုင်လ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရကြောင်း သတင်းရရှိသည်။
စစ်သား ၇၅ ဦးခန့်ပါသော အဆိုပါ စစ်ကြောင်းသည် အင်းတော်မြို့နယ် ကျောင်း ကုန်းရွာမှ ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် ထီးချိုင့်မြို့နယ်ဘက်သို့ ဆုတ်ခွာသွားကြောင်း ထီးချိုင့် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။
အလားတူ စစ်တပ်က သတ်ဖြတ်လိုက်သော တော်လှန်ရေးရဲဘော် ၄ ဦး၏ သွေးကြွေးကို ဆပ်သည့်အနေဖြင့် စစ်ဆင်ရေး အမှတ်စဉ် (၁) အ ဖြစ် ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ဆေးရေးကင်းဂိတ်ကို ယနေ့ နံနက်ပိုင်း
ဝင် ရောက် ပစ်ခတ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO က ထုတ်ပြန်သည်။
ထို စစ်ဆင်ရေးသည် ကိုဂျင်မီ၊ ကိုဇေယျာသော်နှင့်တကွ ကျဆုံးခဲ့ရသည့် တော်လှန် ရေးရဲဘော်များအတွက် ရည်ရွယ်ကြောင်း၊ ယနေ့ နံနက် နံနက် ၇ နာရီအချိန် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လုံခြုံရေးဂိတ်မှ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်မှုများပြားကြောင်း သိရှိရသည်။ khit thit