ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများစခန်းချရာ တပ်ကုန်း ကျေးရွာမှစစ်ကောင်စီစခန်းအား ဒေသကာကွယ်ရေးတပ်များမှ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သားသုံးဦးနှင့် ပျူစောထီးဆိုသူ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရ သည်။

ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက် ၅ နာရီအချိန်တွင် ပေါက်မြို့နယ်နှင့် ရှစ်မိုင်ခန့်အကွာရှိ တပ်ကုန်းကျေးရွာ အနီး ခြံဝန်းတစ်ခုတွင် တပ်စွဲထားသည့်စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာရဲ့အရှေ့မြောက်ဘက် ယာခင်းနှစ်ကွက်ကျော်လောက်က အိမ်ကြီးအိမ်ကောင်းတစ်ခုမှာ စခန်းချထား တာပေါ့။ အဲဒီစခန်းမှာ စခ(စစ်ကောင် စီတပ်သားတွေ)က နည်းနည်းပဲရှိတယ်။ ရွာထဲမှာပဲ ကိုယ်ရောင် ဖြောက်ပြီးနေကြတာ၊ အဲဒါကို တိုက်ခိုက်လိုက်တာ သုံးကောင်သေတယ်။ သူတို့ဆုတ်ပြေးလို့ လိုက်ပစ် တာမှာ လေးကောင်သေတယ်” ဟု အနောက်ပိုင်းစစ်ဒေသခွဲ၊ တပ်မဟာ (၇)၊ တပ်ရင်း (၇၁၂) – (ပြည်သူ့ စွမ်းအားတပ် ပေါင်းစု – PPC)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ရှော့ဂန်းတစ်လက်၊ ရှော့ဂန်း ကျည်များ၊ MA ကျည်များ၊ ဗုံးသီးတစ်လုံး နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုစစ်ဆင်ရေးသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ မတရားကြိုးမိန့်ပေးခြင်းခံရသော နွေဦး သူရဲကောင်းများအတွက် လက်တုံ့ပြန်ပွဲဖြစ်ကြောင်း မှတ်ယူပြီးတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပေါက်နယ်မှ တော်လှန်ရေးအင်အားစုများက ဆိုသည်။

ပေါက်ကုန်းကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိကာ ပျူစောထီးဆိုသူများ အင်အားကောင်းသည့် ကျေးရွာ ဖြစ်သည်ဟု ဆိုသည်။

“တိုက်ဖို့သွားကြတဲ့ညီနောင်အကုန်လုံးက တွေ့ရင်ရှင်းမှာပဲဆိုပြီးတော့သွားပေမဲ့ လက်နက်ကိုင်ထားတဲ့ သူတွေနဲ့တွေ့ရင်သာပစ်တယ်။ ရွာထဲမှာက သူတို့တွေကပျူတွေဖြစ်ပေမယ့် ပြည်သူတွေဖြစ်တော့ မလုပ် ရက်ကြပါဘူး။ ကလေးတွေအမျိုးသမီးတွေနဲ့ အခြားသူတွေကို ရှောင်ခိုင်းလိုက်တာပေါ့”ဟု ပြန်ကြားရေး တာဝန်ခံက ရှင်းပြသည်။

ထိုရွာမှ ပျူစောထီးများ၏ မိသားစုဝင်များအား နောက်နောင်တွင် စစ်ကောင်စီတပ်နှင့် ဆက်ပြီး မပူးပေါင်း ရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။

တပ်ကုန်းရွာအနီးတွင် ရဲကင်းစခန်းတစ်ခုရှိရာ စစ်ကူများရောက်မလာမီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

ယခုတိုက်ပွဲအား အနောက်ပိုင်းစစ်ဒေသခွဲ၊ တပ်မဟာ(၇)၊ တပ်ရင်း(၇၁၂)- (ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC)၊ YDF တပ်ရင်း-(၉)(Yaw Defence Force- Saw)၊ YDF တပ်ရင်း (၁၀)၊ CAF- SPUPDF၊ S. P. G. F ၊ ပေါက် PDF တပ်ရင်း(၄)၊ ပေါက် PDF တပ်ရင်း(၆)၊ Young Revolution Front (YRF)၊ ရေနံချောင်း PDF (People’s Defence Force – Yanangyaung)၊ No Chair ပြောက်ကျားတပ်ဖွဲ့၊ တွေ့မရှောင်အဖွဲ့တို့ ပူးပေါင်း၍ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ပြန်ကြား ရေးတာဝန်ခံက ပြော သည်။

“သံကို ပူတုန်းထု” ဆိုသည့်စကားရပ်အတိုင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ မတရား ကြိုးမိန့် ပေးခြင်းခံရသောနွေဦးသူရဲကောင်းများအတွက် ပဏာမအနေနှင့် လက်တုန့်ပြန်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ များအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များအား ပိုမိုပူးပေါင်းကူညီပေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက တောင်းဆိုထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s