ပေါက်မြို့နယ် စစ်ကောင်စီတပ်စခန်းတခုကို PDF ပူးပေါင်းတပ်များတိုက်ခိုက်

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ပျူစောထီး အဖွဲ့တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဒဏ်စီရင်ခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇော်ယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရတို့အတွက် လက်စားချေတဲ့ အနေနဲ့ ပေါက်မြို့နယ်တောင်ပိုင်း တပ်ကုန်းရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၄၀ လောက်နဲ့ အထိုင်ချထားတဲ့ စခန်းကို ဒီနေ့မနက် ၅ နာရီလောက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာလို့ ပေါက်မြို့နယ်လူငယ်တော်လှန်ရေးတပ်ဦး YRF ရဲ့ ပြန်ကြားရေးတာဝန်ခံ Delta က ဒီဗွီဘီကို ပြောပါတယ်။

၃ နာရီလောက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရပြီး က.ပ.စ ထုတ် ရှော့ဂန်းသေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနဲ့ ကျည်ဆန်တွေ၊ စစ်ယူနီဖောင်း တစုံ၊ ဆိုင်ကယ် ၁၇ စီးနဲ့ ပိုက်ဆံ ၄၃၅၀၀၀ ကျပ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို YRF တပ်ဖွဲ့၊ ပေါက်တောင်ပိုင်းပြောက်ကျားတပ် SPGF၊ YDF တပ်ရင်း ၉ နဲ့ ၁၀၊ PDF-ရေနံချောင်း၊ ပေါက်PDF တပ်ရင်း ၄ နဲ့ ၆၊ PPC နဲ့ CAF-SPU PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကူလိုက်လာလို့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရေနံချောင်းမြို့ လက်မှတ်ကုန်း ရဲစခန်းကိုလည်း ဇူလိုင် ၂၅ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ သေဒဏ်စီရင်ခံခဲ့ရတဲ့ သူရဲကောင်း ၄ ဦးအတွက် လက် တုံ့ပြန်တဲ့အနေနဲ့ မြေလတ်ဒေသ ဆိပ်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CAF-SPU PDF က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တလုံးပေါက်ကွဲခဲ့တယ်လို့ CAF-SPU PDF ရဲ့ တပ်ရင်းမှူး  ဗိုလ်ငှက်ခါးက ပြောပါတယ်။

ဗုံကွဲပြီး ခဏအကြာမှာ အဲဒီရဲစခန်းထဲကို လူနာတင်ကားတွေဝင်လာပြီး ဆေးရုံကြီးဘက်ကို ထွက်သွားကြောင်း၊ ထိခိုက်သေဆုံးသူ အရေ အ တွက်ကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s