မင်းကင်းနယ်တွင်း ၁၄ နာရီကြာတိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်မူးအပါအဝင် ၁ဝ ဦးခန့် သေဆုံး

မင်းကင်းမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များလက်ချက်ဖြင့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သည် ၁၀ ဦးခန့်ကျဆုံးသွားသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ ရေယာဉ်အုပ်စုကို မင်းကင်းမြို့နယ်ဒေသခံကာကွယ် ရေးတပ်များက အုန္နဲဘုတ် ကျေးရွာအနီးတွင် ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၇ နာရီခန့်တွင် အသင့်စောင့်ကြိုတိုက်ခိုုက်ရာက ၁၄ နာရီဝန်းကျင်အထိကြာမြင့်သော တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ တပ်ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး၊ စက်လက်ပစ်ခတ်သူတစ်ဦးအပါအဝင် ၁၀ ဥိီးခန့်သေဆုံးသွားကာ ကာကွယ်ရေးတပ်ဘက်က နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း မင်းကင်းမြို့နယ် ပ.အ.ဖ အဖွဲ့ အဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

” တိုက်ပွဲကြာချိန် မြင့်လာတာနဲ့ အမျှ စစ်ကောင်စီ တပ်က တိုက်ခိုက်ရေး ဒရုန်း တွေ လက်နက်ကြီး တွေနဲ့ကို အဆက်မပြတ် ပြန်ပစ်တာမျိုးတွေ ရှိတယ်” ဟု မင်းကင်းမြို့နယ် ပ.အ.ဖ က မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ပွဲတွင် ဗိုလ်သံလုံး အဖွဲ့နှင့် မင်းကင်းမြို့နယ် ပ.က.ဖ များ ပူးပေါင်းအဖွဲ့ က တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။

ဇူလိုင်လ ၂၅ ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်သည် မင်းကင်းမြို့နယ် ရှိ ဘင် ၊ အုန္နဲဘုတ် နှင့် အနောက်တော ကျေးရွာများရှိ ဒေသခံများ၏နေအိမ်များကို မီးတိုက်မှုလုပ်ခဲ့သည်။

” ကျမတို့ ဘင် ကျေးရွာက အခုဆို ဒုတိယအကြိမ်မြောက် မီးရှို့ ခံခဲ့ရတာပါ ၊ ရွာမှာ ကြက်ခိုးစွဲနေတဲ့ စေတီ နဲ့ ဘုန်းကြီး ကျောင်းပဲ ကျန်ပါတော့တယ် ၊ အခုလည်း ပြေးရင်း လွှားရင်းပါဘဲ ၊ ညကလည်း စစ်ကောင်စီ တပ်က လက်နက်ကြီး တွေနဲ့ အဆက်မပျက် ပစ်ခတ်နေတာ ” ဟု ဘင်ကျေးရွာသူတစ်ဦးက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s