မန္တလေးမြို့တွင် ဖမ်းဆီးခံရသည့်လူငယ်သည် လက်နက်များသယ်ဆောင်လာသူဖြစ်ဟု သ တင်းထုတ်ပြန်

မန္တလေးမြို့အနောက်ဘက် မြို့ပတ်လမ်းပိတ်ဆို့စစ်ဆေးမှုတွင် ဖမ်းဆီးခံရသည့်လူငယ်သည် လက်နက်များသယ်ဆောင်လာသူဖြစ်ကြောင်း စစ်ကောင်စီနှင့်ဆက်စပ်သတင်းဌာနများက ယမန်နေ့ ဇူလိုင် ၂၅တွင် သတင်းထုတ်ပြန်သည်။

“ပစ္စတို၊ လက်ပစ်ဗုံး၊ ကျည်ဆံတွေနဲ့အတူဖမ်းမိတယ်ဗျာ၊ ဆိုင်ကယ်နှစ်ယောက်စီးလာတာ မသင်္ကာလို့တားတော့ တစ်ယောက်ကထွက်ပြေးတယ်၊ သူတို့က လက်နက်တွေသယ်လာတာဗျ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှ သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လ ၂၄ရက်က မန္တလေး မဟာအောင်မြေမြို့နယ် ဂေါဝိန်ဆိပ်ကမ်းအနီး မြို့ပတ်လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာများအား ပိတ်ဆို့စစ်ဆေးစဉ် ညနေ ၄ နာရီခန့် တွင် အဆိုပါလူငယ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်များနှင့်အတူဖမ်းဆီးရမိသူသည် သူရိန်စိုး(အသက် ၂၁ နှစ်)ဖြစ်ကြောင်းသိရပြီး၊ ၄င်းနှင့်အတူ ကျော်ကြီး(ခ)ယောင်ကျော်ဆိုသူ ဆိုင်ကယ် နောက်မှထိုင်စီးလာကြောင်း၊ တားဆီးစစ်ဆေးစဉ် ကျော်ကြီး(ခ)ယောင်ကျော်သည်ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိသည့် သူရိန်စိုးအားစစ်ဆေးရာတွင်၊ ၎င်းလွယ်ထားသောအနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ SIG SAUER P320 SP စာသားပါ အနက်ရောင်ပစ္စတို တစ်လက်၊ D18-1 စာသားပါ စစ်စိမ်းရောင် လက်ပစ်ဗုံးတစ်လုံး၊ A USA 9MM LUGER ကျည်တစ်တောင့်၊ A USA 380 AUTO ကျည်ခြောက်တောင့်၊ THAIARMS 9 MM ကျည် ၃၂တောင့်၊ KYMOCH 350 AUTO ကျည် ၁၂တောင့်၊ CBC 20 5.56 ကျည်သုံးတောင့်၊ PMC 9 MM LUGER ကျည် ၅၀ တောင့်၊ KZG UP တံဆိပ် ဘတ္ထရီကပ်လျက် Keypad လက်ကိုင်ဖုန်းတစ်လုံး၊ ABCD စာသားပါအဝေးထိန်း Remote နှစ်လုံး၊ GP SUPER တံဆိပ်ပါ ဓာတ်ခဲအသေး ခုနစ်လုံး၊ နံပါတ်ပါဆင်းကတ်တပ်ဆင်ထားသည့် Redmi 10 X 5G အမျိုးအစားအဖြူရောင်လက်ကိုင်ဖုန်းတစ်လုံး၊ Iphone 8 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံးနှင့် ဦးသူရိန်စိုးအမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခုတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်ဆက်စပ်သတင်းဌာနများက ဖော်ပြကြသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ ဇူလိုင် ၂၄ ရက်က မန္တလေးတစ်မြို့လုံးနီးပါးအား တစ်နေကုန်ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ညဉ့်နက်သန်း ခေါင်ကျော်အထိ ရပ်ကွက် များသို့ ဧည့်စာရင်းစစ်ခဲ့ကြောင်းသိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s