မလှိုင်မြို့နယ် ရုံးတောရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ရုံးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေကို မလှိုင်မြို့က အပြန် ဇူလိုင် ၂၆ ရက်မနက် ၈ နာရီခွဲလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မလှိုင်မြို့ကအပြန် စိုက်ခြံနားလေးမှာ သေနတ်နဲ့ ပစ်သတ်ခံရတာ။ ခေါင်းနဲ့ရင်ဘတ်မှာ ၂ ချက် မှန်ထားတာ တွေ့ရတယ်။ နေရာတင် သေဆုံးသွားတယ်။”

ရုံးတောကျေးရွာအုပ်စုဟာ ကျောင်းစုရွာ၊ ပြည်ကန်ရွာ၊ မြက်သီးကျင်းရွာ၊ ရွာသစ်လေးရွာ၊ ရုံးတောရွာဆိုပြီး ကျေးရွာ ၅ ရွာ ပါတဲ့ အုပ်စုတခု ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေကို ဘယ်အဖွဲ့အစည်း ဘယ်သူတွေက ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s