မြောက်ဥက္ကလာတွင် လူငယ်ကို စစ်ကောင်စီတပ် သေနတ်ဖြင့်ပစ်သတ်

မြောက်ဥက္ကလာပမြို့နယ်အတွင်း လူငယ်တစ်ဦးကို နောက်မှလိုက်ဖမ်းသော စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့်ပစ်သတ်ကာ အလောင်းယူသွားမှု ယမန်နေ့ည (ဇူလိုင် ၂၆ ရက်) က ဖြစ်ပွားခဲ့သည်။

သစ္စာပန်းခင်းလမ်းမကြီးပေါ်ရှိ ဓမ္မာရုံမှတ်တိုင်အနီးတွင် ည ၈နာရီခွဲဝန်းကျင်က လူငယ်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ကားက နောက်ကနေသေနတ်ဖြင့်လိုက်လံပစ်ခတ်ရာ မြနန္ဒာစျေးထောင့်အရောက်တွင် သေနတ်ထိမှန်ကာ လူငယ်မှာလဲကျသေဆုံးသွားသည်။

ထို့နောက် ရုပ်အလောင်းကို စစ်ကားဖြင့်ပင်တင်ဆောင်သွားသည်ကိုလည်း တွေ့ရှိခဲ့ကြရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

” နှစ်ချက်ပစ်လိုက်တာ ကောင်လေးကခွေခွေလေး လဲသေသွားတာ။ ဘယ်သူမှသေသေချာချာလည်းမကြည့်ရဲကြဘူးလေ။အားလုံးလမ်းတွေထဲဝင်ပြေးကြတာပေါ့။အဲဒီကောင်လေးကိုစစ်ကားနဲ့တခါထဲသယ်သွားကြတယ်။”ဟု (ဌ) ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုမတိုင်ခင်အချိန်က သုဓမ္မာလမ်းမကြီးပေါ်တွင် စစ်ကားတစ်စီးနှင့်အိမ်စီးကားအဖြူရော င်တစ်စီးရပ်ထားခဲ့ကာ အိမ်စီးကားအ ဖြူရောင်ပေါ်တွင် အမဲရောင်ဝမ်းဆက်ဝင်ဆင်ထားသည့် လူတစ်စုဆင်းလာပြီး စစ်ကောင်စီတပ်နှင့်အတူ အောင်မင်္ဂလာအဝေးပြေးအနီးနှင့် ခြောက်ကွေ့အနီးတို့တွင် စစ်​ဆေးမှုများလုပ်ဆောင်နေခဲ့ကြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s