ရန်ကုန်၊ ရွှေပြည်သာတရားရုံး၊ လှိုင်မြို့နယ်၊ လှိုင်သာယာ၊ မင်္ဂလာဒုံတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား၊ ဟင်္သာတတွင် မြို့နယ်ရဲစခန်း၊ လျှပ်စစ်ဝင်းနှင့်ထွေ/အုပ် ရုံးနားတွင် ဗုံးများပေါက်ကွဲ၊ ဒေးဒရဲတွင်လည်း ဗုံးပေါက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ ရွှေပြည်သာမြို့နယ်တရား ရုံးတွင် ယနေ့ ည ၇ နာရီ ၅၀ မိနစ်ဝန်းကျင် အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

“ပေါက်ကွဲမှု ဖြစ်ပြီး ထ ၁ ကျောင်းရှေ့နဲ့ လမ်းကြားတွေမှာ ခွေးတွေ စစ်တပ်တယ်။ လက်နက်အပြည့်အစုံနဲ့စစ်တာ။ ကွဲတာက ထိခိုက်မှု မရှိဘူး။ ခွေးတွေကတော့ အိမ်တွေကို ကွက်ကြည့်ကွက်ကြည့်ပဲ။ လူတွေကို ရန်သူလို ဆက်ဆံနေတာ” ဟု ဒေသခံတစ်ဦးကပြောဆိုသည်။

ထို့ပြင် လှိုင်မြို့နယ်တွင် ပါရမီလမ်း သတိပေးခံထားရသည့် Idol ဘီယာဆိုင်အနီးတွင် ယနေ့ည ၇ နာရီ ၄၃ မိနစ်အချိန် ပေါက်ကွဲသံကြားရပြီး စစ်ကားနှင့်ရဲကားများ လာရောက်စစ်ဆေးကြောင်း၊ လူထိခိုက်မှုမရှိဘဲ ဧည့်စာရင်းစစ်မည်ဟု အော်ဟစ်ပြောဆိုမှုများကြား ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပါရမီလမ်းပေါ်က စစ်တပ် ချည်စက် အိမ်ရာလိုင်းခန်းနားက အရေးပေါ်ထွက်ပေါက်နားမှာ ပေါက်တာပါ။ Idol beer ဆိုင်နဲ့တော့ နီးတယ်။ အဲဒီဘီယာဆိုင်က သတိပေးခံထားရတဲ့ ဘီယာဆိုင်ပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

အလားတူ လှိုင်သာယာမြို့နယ်တွင် ယနေ့ည ၇ နာရီ ၄၀ မိနစ်အချိန်၊ မင်္ဂလာဒုံမြို့နယ်တွင်လည်း ယနေ့ ည ၈ နာရီဝန်းကျင်အချိန် အလွန်ကျယ်လောင်သော ပေါက်ကွဲသံများကြားရကြောင်း ဒေသခံများက ဆိုကြသည်။

ထို့အတူ ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့ပေါ်တွင် ယနေ့ည ၇ နာရီဝန်းကျင်မှစတင်ပြီး ဗုံးပေါက်ကွဲမှု နေရာ ၃ ခုကို ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများကြားရကြောင်း ဟင်္သာတ ဒေသခံများက ပြောဆိုကြသည်။

“ဟင်္သာတမြို့ပေါ် ဒီနေ့ည ၇နာရီခွဲခန့်လောက်စပြီး ပေါက်ကွဲသံတွေနဲ့ သေနတ် သံများ တရစပ်ထွက်ပေါ်တယ်။ ရဲစစန်းနားမှာ ဗုံးထောင်ရင်း ပေါက်ကွဲလို့ ပစ်ကြခတ်ကြတာ။ ပေါက်ကွဲမှုဖြစ်တာက မြို့မရဲစခန်း၊ နောက် လျှပ်စစ်ဝင်းတွေမှာလည်း ဗုံးပေါက်တယ်။ ထောင်ကြီးနားပေါက်တာက လူငယ် ၂ ယောက်ထိတယ် ။ ရုံးကြီးရပ်ကွက်အပိုင် ထောင်ကြီးနားပေါက်ကွဲမှုမှာ ပေး ငါးဆယ်အကွာအိမ်တွေအထိ ဗုံးစမှန်တယ်။ ပေါက်ကွဲမှုဖြစ်တာ ၃ နေရာ မြို့မ ရဲစခန်းမြို့နယ်လျှပ်စစ်ဝင်း၊ ထွေအုပ်ရုံးနားမှာပါ” ဟု ဟင်္သာတမြို့ခံ က ပြောသည်။

ထို့ပြင် ဒေးဒရဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယနေ့ည ၈ နာရီအချိန် ဗုံးပေါက် ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောဆိုကြပြီး အသေးစိတ်အချက်အလက်များကို မသိရရှိသေးပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s