ရဟတ်ယာဉ်အမှုအတွက် တရားလိုပြသက် သေ ကို ဆက်လက်စစ်ဆေး

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဌာနဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေကို ဇူလိုင် ၂၆ ရက် ဒီကနေ့ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ်အမှု ၄၀/၇ အတွက် တရားလိုပြသက်သေ ဦးစိုးအောင် ကိုဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်ကအလှူငွေပေးအပ်ခဲ့တဲ့ အဂတိအမှု ၂ မှုအတွက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ရက်နေ့ရုံးချိန်းမှာ တရားရုံးက အမိန့်ချထားပါတယ်။

၂၆ ရက် ဒီနေ့မှာတော့  တရားလို ဦးရဲထက်ကို တရားရုံးက ပြန်ခေါ်သက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုတွေအတွက် လိုပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ ကျန်နေသေးတယ်လို့သိရပါတယ်။  

ဩဂုတ် ၁ ရက်နဲ့  ၂ ရက်နေ့ ရုံးချိန်းပြန်ခေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့  တရားရုံးနဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုပေါင်း  ၂၀ ထက်မနည်းရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။

ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပု ဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် အနှစ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s