၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံကိုယ်စား လှယ် လေးပုံသုံးပုံသည် အေးအေးဆေးဆေးရှိနေသည်ဟု စစ်ကောင်စီပြော

၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ် လေးပုံသုံးပုံခန့်သည် အာဏာ သိမ်းပြီးနောက်တွင် အေးအေးဆေးဆေးရှိနေကြောင်း စစ်ကောင်စီ၏ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအက ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့လေးဦး အား ကွပ်မျက်ခြင်းနှင့်ပတ်သက်ပြီး သတင်းဌာနတစ်ခုမှမေးမြန်ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ် သည်။

“ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို လုပ်တဲ့အတွက်ဆိုပြီး မဟုတ်မမှန်ပြောနေတာရှိတယ်။ ကျနော်တို့ အရေးယူခဲ့တာ အဲဒါနဲ့ဘာမှမဆိုင်ဘူး။ စောစောကပြတဲ့အတိုင်းဆို ငပုတောလွှတ်တော်အမတ်ပြန်လာ တယ် ကျနော်တို့လက်ခံတယ်။ ဒီအတိုင်းပဲ မြန်မာနိုင်ငံတွင်းမှာ လေးပုံသုံးပုံသောရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်ဟောင်းတွေ ဒီအတိုင်းအေးအေးဆေးဆေးရှိနေတယ်။ ကျနော်တို့ ဒီမိုကရေစီအရေး နိုင်ငံရေးအတွက် အရေးယူတာမဟုတ်ဘူး” ဟု ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲအတွင်းက ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်ကိုယ်စားလှယ်နေရာများအတွက် ရွေးကောက်ခံကိုယ်စား လှယ် ၁၁၁၇ ဦး ရှိခဲ့သည်။ ၎င်းတို့အထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ စုစုပေါင်းရွေး ကောက် ခံကိုယ်စားလှယ် ၉၂၀ ဦးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကျူးလွန်ပြီးနောက်တွင် NLD မှ လွှတ်တော် ကိုယ်စားလှယ်အများအပြားသည် စစ်ကောင်စီ၏ပစ်မှတ်ထားခံခဲ့ရပြီး ဖမ်းဆီးခံရမှုများ၊ နေအိမ်ချိပ်ပိတ် ခံရမှုများ၊ ပုဒ်မအမျိုးမျိုးဖြင့်အရေးယူခံရမှုများနှင့် စစ်ကြောရေးစခန်းများအတွင်း သတ်ဖြတ်ခံရမှုများ ကြုံတွေ့နေရသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည့်စာရင်းများအရ ပါတီ ဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌများဖြစ်သည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် ပါတီဝင် (၆၄၅)ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့အထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် ပါဝင် ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက်မှ ၁၆ ဦးကျော်သည် စစ်ကြောရေးဒဏ်၊ ဆေးဝါးကုသမှု မလုံ လောက်သည့် ပြဿနာများကြောင့် သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုံခြုံမှုမရှိတော့ကြောင်း NLD မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာဘိုင်အိုကဆိုသည်။

“ကိုယ်စားလှယ်တွေအကုန်လုံးက သူတို့ရဲ့တာဝန်ကိုဆက်သာထမ်းကြည့် သေချာတယ်။ သူတို့ သတ်မှာ ပဲလေ။ လုံခြုံရေးကဘယ်လိုရှိလည်းပြောရင်တော့ မြန်မာပြည်မှာ အမှန်တရားဘက်ကရပ်တည်တဲ့ သူတွေ အမှန်တရားကို ပြောရဲဆိုရဲတဲ့ သူတွေ ဘယ်သူမှမလုံခြုံတော့ဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့ခြိမ်းခြောက်မှုများကြားတွင် အေးအေးဆေးနေနိုင်သူများသည် နိုင်ငံရေးခံယူချက်မရှိသူများ၊ ထွက် ပြေးတိမ်းရှောင်ရန် အခက်အခဲရှိသူများ၊ စစ်ကောင်စီနှင့် တစ်စုံတစ်ရာ သဘောတူညီမှုရရှိထားသူများသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များက ပြောသည်။

ထိုသို့နေထိုင်သူများမှာလည်း ၁၀၀ ဝန်းကျင်ခန့်သာရှိနိုင်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“အတင်းကြပ်ဖမ်းဆီးတာတွေလုပ်တယ်၊ စီးပွားရေးအရ ရပ်တည်လို့မရအောင် လုပ်တယ်။ ဖိအားအမျိုး မျိုးပေးတဲ့အတွက် ၁၀၀ ပတ်လည်လောက်ကတော့ စကစကို ခံဝန်ထိုးထားတယ်လို့ သိရတယ်” ဟု အဆို ပါ ပုဂ္ဂိုလ်က ဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသာမက ဆန္ဒပြပွဲများတွင်ပါဝင်သူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ လူမှုကွန်ရက်စာမျက်နှာမျာတွင် မှတ်ချက် ပေးသူများနှင့် နိုင်ငံရေးနှင့်ပတ်သက်သည်များရေးသားသူများကိုပင် စစ်ကောင်စီက အငြိုးထား ဖမ်းဆီးနှိပ်စက်လျက်ရှိနေသည်။

ထို့ကြောင့် ပြည်ပနိုင်ငံများအပါအဝင် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်မှုများပြုလုပ်နေရပြီး လူဦးရေသိန်းနှင့်ချီရှိနေကြောင်း ၎င်းတို့ကို ထောက်ပံ့ရေး အကူညီပေးနေသည့်အဖွဲ့များထံမှသိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင်လ ၂၆ ရက်နေ့အထိ ထုတ်ပြန် ချက်များအရ စစ်ကောင်စီက ဖမ်း ဆီးထားသူ စုစုပေါင်းသည် ၁၄၈၈၃ ဦး ရှိနေပြီး သတ်ဖြတ်ခံထားရသူ မှာ၂၁၂၃ ဦး ရှိနေပြီဖြစ်သည်။

စစ်ကောင်စီမှ ဖမ်းဆီးအရေးယူထားသူများအနက် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့သည် ပထမဆုံး ကြိုး ပေးသတ်ဖြတ်ခံရသူများဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s