Monthly Archives: Jul 2022

ဖျာပုံတွင် ပေါက်ကွဲ၊ စစ်ကောင်စီတပ်ကအ ရာရှိအပါအဝင် ၄ ဦး ဒဏ်ရာရရှိ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက စစ်ဆေးရေးဂိတ်နဲ့ ရွှေရတုရိပ်သာ အနီးမှာ  မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိအပါအဝင် လေးယောက်လောက် ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ချောင်းတွင်းတံတားအဆင်းက မြို့အဝင်စစ်ဆေးရေးဂိတ်မှာ မနက် ၁၀ နာရီလောက်က မိုင်း တလုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ရွှေရတုရိပ်သာနားမှာ မနက်  ၁၁ နာရီခွဲလောက်က ထပ်မံပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ဒီမနက်ပိုင်းဖြစ်သွားတာ၊ ဒေသခံတွေလည်း သိပ်အပြင်မထွက်ရဲတော့ဘူး။ လောလောဆယ်တော့ မြို့မှာ စစ်ဆေးတာတွေ နေရာတော်တော်များများမှာ လုပ်နေတယ်။ စစ်ကောင်စီဘက်က ထိသွားတာတွေလည်း ရှိတယ် ကြားတယ်” လို့ ပြောပါတယ်။

မိုင်းဖောက်ခွဲမှုနေရာကို စစ်ဆေးပြီး ပြန်လာတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ Black Dragon Force Pyapon က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ မိုင်းခွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က ဗိုလ်တယောက်နဲ့  ရဲ သုံးယောက် ထိခိုက်ဒဏ်ရာရတယ်လို့ Black Dragon Force Pyapon  သတင်းထုတ်ပြန်ထားပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဟင်္သာတမြို့မှာ ဇူလိုင် ၂၆ ရက် ညပိုင်းက ဗုံးကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ရဲစခန်းထဲ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ဖျာပုံတွင် စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦးခန့် ဒဏ်ရာရ၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင်လည်း စစ်တပ်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ထိခိုက်သေဆုံးမှုများ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း Black Dragon Commando က သတင်းထုတ်ပြန်သည်။

ဖျာပုံမြို့နယ်၊ ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားအနီးရှိ စစ်ကောင်စီဂိတ်ကို ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၉ နာရီ ၅၈ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိ ရဲ ၁ ဦးဒဏ်ရာရကြောင်း၊ နံနက် ၁၁ နာရီ ၂၈ မိနစ်တွင် ဖျာပုံမြို့၊ ဒုတိယလမ်းမကြီးပေါ်ရျိ အ ထွေထွေအုပ်ချုပ်ရေး ရွှေရတုရိပ်သာအနီးတွင် အင်အားပြင်း ဆိုင်ကယ်မိုင်း ဖောက်ခွဲခဲ့ကြောင်း၊ အခင်းဖြစ်ရာမှာ စစ်ဆေးပြီး ပြန်လာသော ရဲကား ၁ စီးကို ဖောက်ခွဲကာ ရဲကား နောက်ပိုင်း ထိမှန်ပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ မောင်းမသာယာကုန်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၅ နာရီ ၅၅ မိနစ်မှ စတင်ကာ ၂ နာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအဆုံးများပြီး သေဆုံး ဒဏ်ရာရ စစ်သားများကို စစ်ကားများဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

တိုက်ပွဲအတွင်း၌ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ khit thit

ဇေယျာသော် စစ်ဆင်ရေးအနေဖြင့် သာကေတ ရဲစခန်း ၂ ခုအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်သည်အဖွဲ့ ထုတ်ပြန်

မတရားကြိုးပေးသတ်ခံရသော အာဇာနည် လေးဦးအတွက် သွေးကြွေးဆပ်သောအားဖြင့်ဟုဆိုကာ ရန်ကုန်တိုင်း သာကေတ အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်း နှစ်ခုအား ဇေယျာသော်စစ်ဆင်ရေးဆင်နွှဲခဲ့ရာ ထိခိုက်ကျဆုံးမှုများရှိကြောင်း ဒေါင်းစစ်သည်အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဒေါင်းစစ်သည်အဖွဲ့အား ဆက်သွယ်မေးမြန်ရာ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“လက်လုပ်မိုင်းနဲ့ဖောက်ခွဲခဲ့တာပါ၊ အစာတွေက အပြင်းစားတွေထည့်ထားတာ၊ ပြည်သူတွေကို ရှောင်နေရတဲ့အတွက် ညဘက်မှပဲ လုပ်နိုင်ခဲ့ပါတယ်၊ မစ်ရှင်ပြုလုပ်ခဲ့တဲ့ ရဲဘော်တွေဘေးကင်းပါတယ်။” ဟု ပြောသည်။

ဒေါင်းစစ်သည် အဖွဲ့အနေဖြင့် ယမန်နေ့ ဇူလိုင်လ ၂၇ ရက် ည ၈ နာရီ ၅၈ မိနစ်ဝန်းကျင်က သာကေတမြို့နယ် အမှတ် (၁) ရဲစခန်းကို ဖောက်ခွဲမှုတစ်ကြိမ်၊ ၉ နာရီ ၁၀ မိနစ်ခန့်က အမှတ် (၂) ရဲစခန်းကို ဖောက်ခွဲမှုတစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပြီး အမှတ် (၁) ရဲစခန်းကို ဖောက်ခွဲရာမှာတော့ စခန်းဘက်က ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စခန်းနှစ်ခုမှ ရဲဘော်များ ထိခိုက်ကျဆုံးမှုများရှိသည့် သတင်းများကို အဖွဲ့အနေဖြင့် ပြန်လည်ကြားသိရသော်လည်း တိကျစွာ အတည်ပြုနိုင်ခြင်းတော့ မရှိသေးကြောင်းဆိုသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုများအပြီး အခင်းဖြစ်ရာအနီးတစ်ဝိုက်ကို ပိတ်ဆို့ခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်မှာမှန်သော်လည်း စစ်ကောင် စီတပ်မှ ပေါ်တာလိုက်ဆွဲနေသည့် သတင်းတစ်ခု အွန်လိုင်းပေါ်တွင်ပျံံ့နှံ့လာသည်မှာတော့ မဟုတ်မှန်ကြောင်း ဒေသခံများက အ တည်ပြုပေးသည်။

“အကောင့်တစ်ခု တင်ထားတာတွေ့လိုက်တယ်၊ ပေါ်တာလိုက်ဆွဲနေတဲ့အကြောင်း၊ သူတောင်ပြေးနေရပါတယ်လို့ပါရေးထားတယ်၊ သူဘယ်ပြေးနေရလဲတော့ကျွန်တော်မသိဘူး၊ မနက်ကြတော့ နီးစပ်ရာ လိုက်မေးကြည့်တော့လည်း မကြားမိဘူး၊ ပါသွားတဲ့သူရှိရင် သိရမယ်၊ စုံစမ်းစစ်ဆေးရင်းဖမ်းတာကတစ်မျိုး၊ ရပ်ကွက်ထဲကိုဝင်ပြီး စစ်တပ်ကပေါ်တာလိုက်ဆွဲတာက တစ်မျိုးလေ၊ ကျွန်တော်တို့တော့ အဲ့လိုမကြားမိပါဘူး၊ အဲ့သတင်းက လုံးဝမဟုတ်ပါဘူး” ဟု ပြောသည်။

ထိုသတင်းအား အတည်ပြုနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းရာ ပေါက်ကွဲမှုဖြစ်ပွားရာ အနီးရှိဒေသခံများနှင့် သာကေတ ဒေါပုံနေပြည်သူများကလည်း ဖေစ့်ဘွတ်တွင် ပျံ့နှံ့လာသည့် သတင်းကိုသာ ဖတ်မိပြီး ရပ်ကွက်ထဲတွင် အမှန်တကယ်မတွေ့မိကြောင်း ပြောသည်။ လက်ရှိအချိန်သည် တော်လှန်ရေးကာလဖြစ်သဖြင့် ပြည်သူများမှာ သတိကြီးစွာဖြင့် နေထိုင်ရသည့်အချိန်ဖြစ်ရာ စိုးရိမ်စိတ်ပူရမည့်သတင်းအမှား၊ သတင်းအတုများကို ဖြန့်ဝေခြင်းမပြုလုပ်ကြပါရန်နှင့် ခိုင်လုံသည့် သတင်း ဟုတ်မဟုတ် မစစ်ဆေးဘဲ တစ်ဆင့်ပြန်လည် ဖော်ပြခြင်းမပြုရန်လည်း ပြည်သူအများက မှတ်ချက်ပြုကြသည်။ mizzima

မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသားများ အထူးသတိထားသွားလာနေထိုင်ကြရန် သံရုံးသတိ ပေး

မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့  အမေရိကန်နိုင်ငံသားတွေ အထူးသတိထားသွားလာနေထိုင်ကြဖို့  ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဇူလိုင် ၂၇ ရက်မှာ သတိပေးစာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ 

အဲဒီသတိပေးစာမှာ မြန်မာနိုင်ငံအနှံ့ အထူးသဖြင့်ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့လှုံ့ဆော်တဲ့ ရေးသားချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ တွေ့နေရတာကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေအနီးမှာ မနေဖို့တိုက်တွန်းထားပါတယ်။

အဲဒါအပြင် လက်လုပ်ဗုံးနဲ့ တိုက်ခိုက်တာတွေ၊ စစ်ကောင်စီကို အားပေးထောက်ခံသူတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို လုပ်ကြံမှုတွေရှိလာနိုင်တာကိုလည်း သတိထားကြပါလို့ ဖော်ပြထားပါတယ်။

နိုင်ငံခြားသားတွေကို သီးသန့်ရန်ပြုမယ့် အခြေအနေမရှိပေမဲ့ နေရာမှား၊ အချိန်မှားမှာ ရှိမနေဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှု၊ ဆန္ဒပြမှုနဲ့ သူတို့ရဲ့အာဏာကို ထိပါးခြိမ်းခြောက်မှုတွေအပေါ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တုံ့ပြန်ဖြေရှင်းမှုကြောင့် အားလုံးဟာ ပတ်ဝန်းကျင်ကိုနားစွင့်ပြီး သတိနဲ့သွားလာကြဖို့ တိုက်တွန်းထားပါတယ်။ တိုက်ခိုက်မှုတွေဟာ အချိန်မရွေးနေရာမရွေးဖြစ်ပေါ်လာနိုင်တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အချိန်မရွေးအဆက်အသွယ်တွေ ပြတ်တောက်သွားနိုင်တာကိုလည်း ကြိုတင်မှန်းဆထားကြဖို့နဲ့ တကယ်လို့ စစ်ကောင်စီက အပြင်မထွက်ရအမိန့်ထုတ်ခဲ့ရင် သို့မဟုတ် အပြင်ထွက်ရခက်ခဲတဲ့ အခြေအနေမျိုးကြုံခဲ့ရင် အစာ၊ ရေနဲ့ ဆေးဝါးတွေ မပြတ်စေဖို့ ၇ ရက်စာ ကြိုတင်စုဆောင်းထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မိမိပတ်ဝန်းကျင်ရဲ့ လုံခြုံရေးနဲ့ ဆက်သွယ်ရေး အခြေအနေအပြောင်းအလဲတွေကိုလည်း သတိထားစောင့်ကြည့်ကြပါလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ DVB

ဝက်လက်တွင် စဉ့်ကိုင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ တောရ သံဃာတော်တစ်ပါး ကျည်ထိမှန် ပျံ လွန်တော်မူ၊ ဒဏ်ရာရ ဆရာတော်ကို PDF တပ်များက ဝင်ရောက်ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နှင့် ဝက်လက်မြို့ အစပ်ရှိ စဥ့်ကိုင်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က တောရဘုန်းကြီးကျောင်းကို RPG ၂ လုံးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ဆရာ တော် ၁ ပါး ထိမှန်ကြောင်း၊ PDF အဖွဲ့က ဆရာတော်ကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် ပျံလွန်တော်မူခဲ့ကြောင်း တောကြီးမြွေပွေး တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာသို့ မဝင်ရောက်မီ စဥ့်ကိုင်ရွာ ဘုန်းကြီးကျောင်းဘေးရှိ လွမ်းစေတီကို စစ်တပ်က RPG ၂ လုံးဖြင့် ပစ်ခတ် ခဲ့သဖြင့် ဆရာတော်ကို လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ကယ်တင်ရန် ပြုလုပ်စဥ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ ပစ်ခတ်ပြီး ဆရာတော်အား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက အရှေ့ဘက်ကမ်း မနီးမဝေး အဲဒီဘက်ကနေပြီးတော့ ဆရာတော်က ဘုန်းကြီးကျောင်းရဲ့ရှေ့မှာ လွမ်းစေတီနဲ့ ဇရပ်လေးရှိတယ်။ အဲထဲကို စစ်ခွေးတွေက RPG ၂ လုံးပစ်သွင်း လိုက်တဲ့အချိန်မှာ ဇရပ်မှာရှိနေတဲ့ ဆရာတော်ကို ထိခိုက်သွားတယ်ပေါ့။ ဆရာတော် ထိသွားပြီဆိုပြီး ကျနော်တို့ အနေနဲ့ ဆရာတော်ရှိတဲ့ ​ကျောင်းပေါ် တက်ပြီး ဆရာတော်ကို ပြေးကယ်တယ်။ ဇရပ်ထဲမှာ မီးခိုးတွေထဲမှာ လုံးထွေးနေပြီးတော့ RPG ၂ လုံး​ကွဲထားတဲ့ အရှိန်နဲ့ပေါ့။ စစ်တပ်က RPG ပစ်သွင်းပြီးတာ စဥ့်ကိုင်ရွာကို တက်လာတာ။ အဲအချိန်မှာ ကျွန်တော်တို့က ဆရာတော်ကို ကယ်ထုတ်ဖို့ အတွက် ပစ်ရတာပေါ့။ ဆရာတော်က ပျံလွန်တော်မူသွားတယ်။ ကျွန်တော်တို့ အချိန်မှီ ကယ်နိုင်ပေမယ့် ထိခိုက်မှု ဒဏ်ရာ ပြင်းထန်တဲ့အတွက်ကြောင့် ဆရာတော်က ည ၇ နာရီလောက်မှာ ပျံလွန်တော် မူသွားတယ်” ဟု တောကြီးမြွေပွေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တောကြီးမြွေပွေးပျောက်ကျားတပ်ဖွဲ့၊ မတ်တရာ ( ပ က ဖ)၊ BO Tiger -ဗိုလ်ကျားကြီး၊ ဒေါင်းနီပျောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းတပ်ရင်း ( ၁) ၊နယ်စီးမခြား တော်လှန်ရေး အင်အားစု တို့မှ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်တပ် ဘက်မှ ၈ ဦးသေ ဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ khit thit

ဖျာပုံတွင် မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် အထွေ ထွေအုပ်ချူပ်ရေး ရွှေရတုဧည့်ရိပ်သာ မိုင်းခွဲခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ ဖျာပုံ-ကျိုက်လတ် အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားခြေဆင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် ဖျာပုံမြို့ဒုတိယလမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချူပ်ရေး ရွှေရတု ဧည့်ရိပ်သာတို့ ယနေ့ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါဖောက်ခွဲမှုကို Black Dragon Commando တပ်ဖွဲ့၊ ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Ayeyarwaddy UG Association တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Black Dragon Commando တပ်ဖွဲ့၏ တာဝန်ရှိသူ ဗိုလ်နိုင်းဒီ ကပြောသည်။

” ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဖျာပုံ၊ ကျိုက်လတ်အဝေးပြေးလမ်းမ၊ ချောင်းတွင်း တံတားခြေဆင်းကဂိတ်ကို ဖောက်ခွဲတာမှာတော့ စစ် ဗိုလ်တစ်ဦး ဒဏ်ရာပြင်းထန်တယ်။ မနက် ၁၁ နာရီ ၂၈ မိနစ်မှာ ဖျာပုံဒုတိယလမ်းမကြီးပေါ်က အထွေထွေအုပ်ချူပ်ရေးမှူး ဧည့်ရိပ်သာကိုသာ အင်အားပြင်းထန်တဲ့ဆိုင်ကယ်မိုင်းနဲ့ ထပ်ခွဲခဲ့တာမှာတော့ အခင်းဖြစ်တဲ့နေရာက စစ်ဆေးပြီးပြန်လာတဲ့ ရဲကားနောက်ခြမ်း မိုင်းထိသွားတယ်။ အဲ့ဒီဖောက်ခွဲမှုမှာတော့ ရဲ လေးယောက် ထိပြီး နှစ်ယောက် ဒဏ်ရာရတယ်လို့ လောလောဆယ်သိရတယ်” ဟု ဗိုလ်နိုင်းဒီကပြောသည်။

ဖောက်ခွဲတိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီတပ်နှင့် ရဲများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်နှင့် အသေအပျောက် ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း မဇ္စျိမသတင်းဌာနသို့ပြောသည်။

အဆိုပါ ဖောက်ခွဲမှုဖြစ်စဥ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက မတရားဖမ်းဆီးခြင်းများ ပြုလုပ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့်ဂရုစိုက်နေထိုင်၊ သွားလာကြရန်လည်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဖျာပုံမြို့ အဝင်၊ အထွက်လမ်းများနှင့် မြို့ပေါ်လမ်းများပေါ်တွင် အင်အားအများအပြားနှင့် ပိတ် ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။ mizzima

ရန်ကုန်တွင် “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူး”ဆိုသည့် ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်မှောက်

khit thit

စစ်ကောင်စီ၏ သေဒဏ်စီရင်မှုအပေါ် တရုတ်နှင့်ရုရှားအပါအဝင် ကုလလုံခြုံရေးကောင်စီ ဆန့်ကျင်ရှုတ်ချ

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို မြန်မာစစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအားလုံးက ဇူလိုင် ၂၇ ရက်မှာ တညီတညွတ်တည်း ဆန့်ကျင် ရှုတ်ချလိုက်ပါတယ်။  

အဲဒီထုတ်ပြန်ချက်ကို  တရုတ်နဲ့ ရုရှားအပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်းထောက်ခံခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေကို အပြည့်အဝလေးစားလိုက်နာဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး၊ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ နယ်မြေပိုင်ဆိုင်မှုနဲ့ မြန်မာ စည်းလုံးညီညွတ်ရေးတို့မှာ ခိုင်ခိုင်မာမာ ကူညီထောက်ပံ့ပေးဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း  လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောထားထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရဲ့ ကာလကြာ မဟာမိတ်ဟောင်းဖြစ်တဲ့ တရုတ်ကလည်း ကြိုဆိုလက်ခံတယ်လို့ ဆိုပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဒီသဘောထားထုတ်ပြန်ချက်ဟာ ဘယ်ဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်တဲ့သူအားလုံးကို လုံခြုံရေးကောင်စီက ဆန့်ကျင်တယ်ဆိုတဲ့ သဘောကို အားလုံးသိရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ဘက်မလိုက်ရေးမူဝါဒကို ကိုင်စွဲပြီး တရုတ်ဘက်က  ပြောခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံအနှံ့ပေါ်ပေါက်လာတဲ့ တော်လှန်တိုက်ခိုက်မှုတွေ၊ ပြည်သူလူထုရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ တကမ္ဘာလုံးကိုယ်စား အာဆီယံက ဦးဆောင်ကာ ဆောင်ရွက်နေပေမဲ့ ဒီဆောင်ရွက်ချက်တွေကို တိုးမပေါက်အောင် စစ်ကောင်စီက တံခါးပိတ်ထားခဲ့ပြီးဖြစ်ပါတယ်။

အခုလိုသေဒဏ်စီရင်လိုက်တဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ အာဆီယံက အလွန်စိတ်ပျက်ဖွယ်ရာ ရက်စက်ကောက်ကျစ်မှုဖြစ်တယ်လို့ ရှုတ်ချဝေဖန်ခဲ့ပြီး စစ်ကောင်စီနဲ့ အတိုက်အခံတွေကြား စေ့စပ်ပေးမယ့် ဆောင်ရွက်ချက်တွေကို ရပ်နားထားလိုက်တယ်လို့ ပြောပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ချက်မှာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့၊ ပဋိပက္ခတွင်ပါဝင်တဲ့သက်ဆိုင်သူအားလုံး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံမှပဋိပက္ခတွင်ပါဝင်သောသူ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့တို့ ပါဝင်ပါတယ်။ 

အာဆီယံသဘောတူညီချက်ပါ အချက်တွေကို အချိန်တနှစ်ကျော်ကြာလာပြီဖြစ်ပေမဲ့ စစ်ကောင်စီက တခုမှ  အကောင်အထည်ဖော်ဆောင် ရွက်ခြင်းမရှိခဲ့ပါဘူး။

အာဆီယံရဲ့တောင်းဆိုချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း စစ်ကောင်စီကိုထပ်မံတိုက်တွန်းတာင်းဆိုကြောင်းနဲ့ သေဒဏ်စီရင်လိုက်တာဟာ အာဆီယံဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အသိအမှတ်မပြု၊ လက်မခံတဲ့ သဘောပဲဆိုတဲ့ အာဆီယံအဖွဲ့ရဲ့ အမြင်ကိုလည်း လုံခြုံရေးကောင်စီက အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်းထောက်ခံခဲ့တဲ့ အဲဒီထုတ်ပြန်ချက်မှာ အာဆီယံအဖွဲ့ အနေနဲ့ရော၊ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီကရော သေဒဏ်ပေးမှုကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း သေဒဏ်စီရင်လိုက်တဲ့ လုပ်ရပ်ဟာ လူတစ်ယောက်ရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ အကာကအကွယ်ရပိုင်ခွင့်တွေကို အရှက်သိက္ခာမဲ့စွာ ဖောက်ဖျက်ကျူးလွန်ခဲ့တာပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နိုလင်းဟေဇာရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်မံ အသားပေးဖော်ပြခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လာမယ့်သီတင်းတစ်ပတ် အတွင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးလည်း စတင်တော့မှာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှင်ဆန့် ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းထောင်ထဲမှာ သေဒဏ်စီရင် ကွက်မျက်ခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်းများစွာ သေဒဏ်စီရင်ခြင်းမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ မိသားစုဝင်တွေကိုတောင် အသိမပေးဘဲ အခုလိုစီရင်လိုက်တာဟာ အား လုံးအတွက် အံ့အားသင့်စရာလည်း ဖြစ်ခဲ့ရပြီး အခုလိုသေဒဏ်ပေးမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းက ဆန့်ကျင်ကန့်ကွက် ရှုတ်ချထားပါတယ်။DVB

ရေးမြို့လယ်ခေါင်ရှိ မြို့မရဲစခန်းကို ဝင်ပစ် ခတ်မှု ရဲ ၃ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့လယ်ခေါင်ရှိ မြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က ယနေ့ ဝင်ရောက်ပစ်ခတ်ရာ ရဲ ၃ ဦးသေဆုံးသွားကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရေးမြို့မရဲစခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ ၃ ဦးသေဆုံးကြောင်း၊ ပြည်သူများအနေဖြင့် သ တိထားသွားလာကြရန် ရေးဘီလူးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

” ၃ ကောင်သေတယ်။ ရဲစခန်းက” ဟု ရေးဘီလူးအဖွဲ့က ပြောသည်။ khit thit

စစ်ကိုင်းတိုင်းရှိ ထိန်းချုပ်နယ်မြေများတွင် တရားစီရင်ရေးဖော်ဆောင်ရန် DRPA က ဥပဒေရေးဆွဲမည်

စစ်ကိုင်းတိုင်းအတွင်း အာဏာရှင်တော်လှန်ရေးပြည်သူတပ်မတော် DRPA အပါအဝင် တော်လှန်ရေးအဖွဲ့ များ၏ ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရန်အတွက် ဥပဒေရေးဆွဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း DRPA ကဆိုသည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ အချို့နေရာများသည် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ် မြေအဖြစ် ရောက်ရှိနေသည့်အတွက် ပြည်သူလူထုကိုဝန်ဆောင်မှုပေးရန်နှင့် တရားစီရင်ရေးစနစ်များ အတွက် ဖွဲ့စည်းပုံဥပဒေများ ရေးဆွဲရန်ကြိုးပမ်းနေကြောင်း DRPA တာဝန်ရှိသူက ဆိုသည်။

“ထိန်းချုပ်ဒေသတွေမှာ တရားစီရင်ရေးကိုဖော်ဆောင်တာ မရှိသေးဘူး။ ရပ်ရွာအဆင့်ကနေစပြီး လုပ်ဖို့ ရှိတယ်။ ဖွဲ့စည်းပုံတစ်ခုနဲ့ဖြစ်အောင် ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းကပြောသည်။

တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေများ၌ လက်ရှိအချိန်တွင် အမှုအခင်းများရှိနေသည့်အတွက် အဆိုပါအမှုခင်းများကိုကိုင်တွယ်ရာတွင် မျှတမှုရှိရန်အတွက် ဥပဒေတစ်ရပ် အခိုင်အမာဖြစ်ရန် ဆောင် ရွက်သင့်ကြောင်း ၎င်းတို့က ယူဆထားသည်။

ထို့အပြင် ၎င်းတို့သည် အရပ်သားများဖြင့်ဖွဲ့စည်းထားသည့် တပ်ဖွဲ့များဖြစ်သဖြင့် အရပ်သားများ၏ အမှု ကိစ္စများကို ကိုင်တွယ်ရန်အခက်အခဲများရှိသည့်အတွက် ပညာရှင်များပါဝင်ပြီး ဥပဒေတစ်ရပ်ရေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။

“အပြည့်အဝ လွတ်မြောက်ဒေသဖြစ်ဖို့အတွက် တရားစီရင်ရေးကို ဖော်ဆောင်ရမယ်။ အာဏာလေဟာ နယ်ကွက်လပ်ကိုဖြည့်နိုင်ဖို့အတွက် ကျနော်တို့ ဥပဒေရေးရာပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် တုန်းပဲ ရှိပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်အာဏာသိမ်းမှုနောက်တွင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့သဖြင့် ပြည်သူများသည် လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်ခဲ့သည်။ လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရမှဖွဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအပြင် အင်အားစုအသီးသီး၏ တပ် များပေါ်ပေါက်လာပြီး နယ်မြေစိုးမိုးမှုများအတန်အသင့်ရှိလာပြီ ဖြစ်သည်။

တစ်နိုင်ငံလုံး ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက စိုးမိုးထားပြီးဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူး အောင်မှ ပြီးခဲ့သည့်ဧပြီလတွင်းက မဇ္ဈိသတင်းဌာနသို့ဖြေကြားခဲ့ဖူးသည်။

ထိုသို့ ထိန်းချုပ်နယ်မြေများရှိလာရာတွင် နေရာအချို့၌ တော်လှန်ရေးအဖွဲ့အချို့၏ ပြည်သူလူထုအပေါ် ဆက်ဆံမှုများနှင့်ပတ်သက်ပြီး နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအကြားတွင် ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။ mizzima

« Older Entries