ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ ဆွေမျိုးနေအိမ်များကို အကြမ်းဖက်စစ်ကောင်စီလက်ဝေခံ အရပ်ဝတ် များက လာရောက် အော်ဟစ်ဆဲဆို ဖျက်ဆီးတိုက်ခိုက် ၊ ပတ်ဝန်းကျင်ရှိ ကား များနှင့်နေအိမ်များ ထိခိုက်ပျက်စီး

အင်းစိန်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်ရှိ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ ဆွေမျိုးနေအိမ်များကို အကြမ်း ဖက်စစ်ကောင်စီလက်ဝေခံ အရပ်ဝတ်များက ယနေ့ လာရောက်ဖျက်ဆီး အော်ဟစ်ဆဲဆို ဖျက်ဆီးတိုက်ခိုက်မှုများဖြစ်ပွားကြောင်း အနီးအနားရှိ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ကိုဂျင်မီ၏ အမေဖြစ်သူနှင့်အမဖြစ်သူ နေထိုင်ရာ အင်းစိန်မြို့နယ် ရှိ လမ်းထဲသို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်များ လာရောက်ကြပြီး နေအိမ်ကို ကြက်ဥများဖြင့် ပစ်ပေါက်မှုများလုပ်ဆောင်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“အင်းစိန်မှာ ကိုဂျင်မီ အမေနဲ့ ညီမ ရှိနေတဲ့အိမ်ကိုလာပြီး ကြက်ဥတွေနဲ့ထုတယ်။ အိမ်ရှေ့ မှာ လူ ၅၀ ဝန်းကျင် လောက် အော်ဟစ် သောင်း ကျန်းတယ်။ ကြက်ဥတွေနဲ့ အကုန်လာပေါက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းစိန်ရှိ ကိုဂျင်မီ၏ ဆွေမျိုးများ အိမ်သို့ လာရောက် တိုက်ခိုက်သည့်ကားများတွင် 1F/6234 NISSAN VANETTE SK82TN အဖြူရောင်ကား၊ တိုရိုယိုတာပရိုဘောက် 3K/4552 ကား ၊ 7C/ 3030 ကားနံပါတ်တပ်ထားသည့် လိုင်စင်မဲ့ Alphard ကား တို့ပါဝင်ကြောင်း သိရှိရသည်။

အလားတူ ဗိုလ်အောင်ကျော်လမ်းရှိ ကိုဖြိုးဇေယျာသော်အမည်ပေါက် နေအိမ်ကိုလည်း လိုက်ထရပ်ကားများဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်များက လာရောက်သောင်းကျန်းသွားပြီး ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ခြင်း၊ လောက်လေးခွများဖြင့် ပစ်ခတ်ခြင်းကြောင့် တိုက်ခန်း နေအိမ်များ ထိမှန်ခြင်း၊ အနီးရှိ ဘဏ်ခွဲတစ်ခု၏ မှန်များ ကွဲခြင်းများကြုံတွေ့ရကြောင်း သိရှိရသည်။

“မနက်က ကိုဇေယျာသော်အိမ်ဆိုပြီး အရပ်ဝတ်တွေနဲ့ လိုက်မေးတယ်။ အဲဒါ နေ့လယ်လောက်ကျတော့ လိုက်ထရပ်တွေနဲ့လာပြီး တိုက်ကို ခဲတွေနဲ့ထုတယ်။ ဆဲတယ်။ လေးခွတွေနဲ့ပစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီတို့ကို အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၂၅ ရက်နေ့တွင် သေဒဏ်စီရင်ပြီးဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အကြီးအကျယ် ရှုတ်ချ ပြစ်တင်လျက်ရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s