ခင်ဦးမြို့နယ် တိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်က ရဲဘော် ၄ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပံလှကျေးရွာမှာ ဇူလိုင် ၂၇ ရက်နေ့ မနက်က စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ်လို့ ခင်ဦး PDF ရဲဘော်တဦးက ပြောပါတယ်။

“မနေ့မနက် ၁၁ နာရီခွဲလောက်က  ခင်ဦးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာခဲ့တယ်။ အဲဒီမှာရှိတဲ့ PDF စခန်းတခုတွေ့ပြီး ဝင်စီးခံရတယ်။ အဲဒီမှာ စစ်ကောင်စီတပ်တွေနဲ့ ခင်ဦး PDF တွေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့တယ်။ PDF တွေဘက် လက်နက်ခြင်းမမျှတော့ စခန်းလည်းစီးခံရတယ်၊ PDF ရဲဘော် ၄ ဦးကျဆုံးသွားတယ်။” 

M-22 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁၇ လက်၊ ကျည်ဆန်   လက်လုပ်မိုင်း ၅၀ လုံး၊ လက်လုပ်လက်ပစ်ဗုံးအလုံး ၄၀ နဲ့ ယမ်းမှုန့်တွေ စစ်ကောင်စီတပ်တွေ ရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s