စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ် ထပ်မံချ မှတ်၊ စုစုပေါင်း ၂၅ နှစ်ကျခံရဖွယ်ရှိ

မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၇၁ (ခ) စွဲချက်ဖြင့် ဇူလိုင်လ ၂၇ ရက် ယနေ့တွင် ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်လိုက် ကြောင်းသိရသည်။

“ဟုတ်တယ် ဆရာ့ကိုအကျဉ်းချုံးစစ်ဆေးပြီး အမိန့်ချလိုက်ကြတာ။ တနှစ်ထပ်တိုးတယ်ဆိုတော့ အားလုံး ပေါင်း ၂၅ နှစ် ကျခံဖို့ဖြစ်သွားတာပေါ့” ဟု ဝန်ကြီးချုပ်၏ဇနီးက မဇ္စျိမကို ပြောသည်။

ရွှေဘိုခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးမှ တရားလိုပြုလုပ်၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၇၁ (စ)ဖြင့်တရားစွဲဆိုခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ်တစ်နှစ်အား မုံရွာခရိုင်တရားရုံးမှ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အဂတိလိုက်စားမှု ခုနစ်မှုဖြင့် တစ်မှုလျှင် သုံးနှစ်ဖြင့် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံရပြီး ယခင်က ပုဒ်မ ၅၀၅(ခ)ဖြင့် နှစ်နှစ် ချမှတ်ခံခဲ့ရကာ ဇွန်လ ၁ ရက်နေ့တွင် ပုဒ်မ ၁၇၁(စ)ဖြင့် တစ်နှစ်ချမှခံခဲ့ရပြီး ယခု တစ်နှစ်နှင့်ဆိုလျှင် ၂၅ နှစ် ကျခံရန်ရှိနေခြင်းဖြစ် ကြောင်းသိရသည်။

ယခုအမှုသည် ရွှေဘိုခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးမှ တရားလိုဖြစ်သည့်အတွက် ရွှေဘို ထောင်သို့ပြောင်းရွှေ့ပြီး ရွှေဘိုတ ရားရုံးတွင်အမှုရင်ဆိုင်ရမည်ဖြစ်သော်လည်း လုံခြုံရေးအကြောင်းပြ ချက်ဖြင့် မုံရွာတရားရုံးတွင်သာ အကျဉ်းချုံးစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

အသက် ၇၁ နှစ်အရွယ်ဝန်ကြီးချုပ်သည် နှလုံးအဆို့ရှင်လဲထားရသူဖြစ်ပြီး သွေကြဲဆေး အမြဲသောက်နေရ သည့်အပြင် သွေးတိုးအတွက်လည်း ဆေးသောက်နေရကာ အစားအသောက်နှင့်အနေအထိုင် ဆင်ခြင်နေ ရကြောင်းသိရသည်။

ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရာအနိုင်ရရှိပြီး ယင်းနှစ် စက်တင် ဘာလတွင် ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ် ခံခဲ့ရသည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၆ တွင် စစ်ကိုင်း တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s