ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ကျေးရွာက ပြည်သူ ၅ဦး ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရေမိန်တောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်ညနေပိုင်းအချိန်က စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံရ၍ ပြည်သူ ငါးဦးသေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။

“စစ်ကောင်စီတပ်ရဲ့ ခန့်မှန်းအင်အား ၁၅၀လောက်က သေနတ်တွေဖောက်ပြီး ရွာထဲကို ဝင်လာတယ် ၊ တချို့က ပြေးချိန်မရလိုက်ဘူး ၊၊ စစ်ကောင်စီတပ်က အိမ်တွေကို ရစရာ မရှိအောင် မွှေနှောက်ပြီး အိမ်မွေးတိရစ္ဆာန် တွေကိုပါ သတ်ဖြတ်သွားတယ် ၊အခု သတ်ခံရတဲ့သူတွေကတော့ ဦးချစ်ရွှေ ၊ ကိုအောင်မိုး ၊ ကိုအောင်ခိုင် နှင့် ကျန်တဲ့သူ နှစ်ဦးကတော့ အမည် မသိရသေးဘူး ဟု ” ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာခြင်းကြောင့် ဆားလင်းကြီး တောင်ဘက်ခြမ်း ရှိကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s