ပခုက္ကူနှင့် မြိုင်တို့တွင် PDF နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် မြောက်ပိုင်းနှင့် မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မကျီးစုကျေးရွာနှင့် ကျောက်ဆောက်ကျေးရွာ အကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ သေဆုံးသူများလည်း ရှိကြောင်း PKU N PDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် RPG များလက်နက်ကြီး၊ လက်နက်ငယ်များ စက်လက်များဖြင့်ပြန်လည် ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်ချိန် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ၏ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိမှုများရှိပြီး မကျီးစုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PKU N PDF၊ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့(P.U.G.F)၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(M.R.G.F)၊ ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့ ၊ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ငဘ လက်နက်ကြီးတပ်ဖွဲ့၊ ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Earthquake People’s Defense Force ၊ Urban Underground Revolution Force ၊ King Cobra People Defense Force ၊ Yesagyo PDF ၊ RSO (Pakokku) ၊ ရွှေညာမြေ PDF ၊ Yesagyo Revolution Group (YRG)၊ Southern YSO PDF နှင့် မဟာမိတ်တပ်ဖွဲ့များစုပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၇ ဦး ထိခိုက် ဒဏ်ရာရရှိပြီး သေဆုံးမှု တချို့ရှိကြောင်း သိရသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါဝင်ပြီး မြိုင်မြို့နယ် ပကဖ တပ်ဖွဲ့မှ ပြောက်ကျား ပုံစံဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s