ဖျာပုံတွင် စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦးခန့် ဒဏ်ရာရ၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင်လည်း စစ်တပ်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ထိခိုက်သေဆုံးမှုများ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း Black Dragon Commando က သတင်းထုတ်ပြန်သည်။

ဖျာပုံမြို့နယ်၊ ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားအနီးရှိ စစ်ကောင်စီဂိတ်ကို ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၉ နာရီ ၅၈ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိ ရဲ ၁ ဦးဒဏ်ရာရကြောင်း၊ နံနက် ၁၁ နာရီ ၂၈ မိနစ်တွင် ဖျာပုံမြို့၊ ဒုတိယလမ်းမကြီးပေါ်ရျိ အ ထွေထွေအုပ်ချုပ်ရေး ရွှေရတုရိပ်သာအနီးတွင် အင်အားပြင်း ဆိုင်ကယ်မိုင်း ဖောက်ခွဲခဲ့ကြောင်း၊ အခင်းဖြစ်ရာမှာ စစ်ဆေးပြီး ပြန်လာသော ရဲကား ၁ စီးကို ဖောက်ခွဲကာ ရဲကား နောက်ပိုင်း ထိမှန်ပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ မောင်းမသာယာကုန်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၅ နာရီ ၅၅ မိနစ်မှ စတင်ကာ ၂ နာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအဆုံးများပြီး သေဆုံး ဒဏ်ရာရ စစ်သားများကို စစ်ကားများဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

တိုက်ပွဲအတွင်း၌ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s