မြင်းမူ၊ မူးမန္တလေးရွာတွင် စစ်တပ်က ဓားစာခံ ပြည်သူ ၆၀ ဦးခန့် ဖမ်းပြီး ၄ ဦးကို သတ်ဖြတ်၊ အမျိုးသားများကို ဦးစားပေး စစ်တပ်က သတ် ဖြတ်နေသဖြင့် အသတ်ခံရသည့်အရေအတွက်များပြားမည်၊ ဆားလင်းကြီးတွင် ပြည်သူ ၅ ဦးကို စစ်တပ်က သတ်ဖြတ်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မန္တလေးရွာတွင် အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၆၀ ဦးခန့်ရှိပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင် အမျိုး သား ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း ထပ်မံ သတ်ဖြတ်ခံထားရသူများရှိ​ကာ အရေအတွက် အတည်မပြုနိုင်သေးကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

မူးမန္တလေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် Mi 35 စစ်ရဟတ်ယာဥ်နှင့် ပစ်ခတ်ခဲ့ပြီး မြေပြင်တွင်လည်း လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မူးမန္တလေးရွာကို စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်မှ ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသား အချို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖမ်းဆီးခံရသူအများအပြားရှိကြောင်း သိရသည်။

ထို ဖမ်းဆီး ခံထားရ သူများထဲမှ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၇ ရက်နေ့တွင် သတ်ဖြတ်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း ဖမ်ဆီးခံထားရသူများထဲမှ အမျိုးသားများကို ထပ်မံ သတ်ဖြတ်မှုများရှိကြောင်း သိရသည်။

” ဓားစာခံ ၄ ဦးက သတ်ခံရပါတယ်။ ယောက်ျားသားတော်တော်များများအသတ် ခံရတယ်ထပ်သိရတာပါ။ အရေအတွက် အတိအကျတော့ မသိသေးဘူး။ သူငယ်ချင်း ၄ ဦးကို ဓါးစာခံအဖြစ်ဖမ်းထားပြီး စကစက သတ်လိုက်ကြတယ်လို့ ရွာသားတဦးကပြောပါတယ်။ မနေ့ကတည်းက အသတ်ခံရတာပါ။ ဒီနေ့ နံနက်သိရတာက ယောက်ျားသား တော်တော်များများအသတ်ခံရတယ်လို့ နယ်မြေခံတွေဆီက သိရတာပါ” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ရွာမှ အပြစ်မဲ့ပြည်သူ ၅ ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်း စစ်ကိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ရွာတွင် စစ်တပ်က တပ်စွဲပြီး ရေမိန်တောင်ရွာမှအပြစ်မဲ့ပြည်သူ ၅ ဦးဖြစ်သည့် ဦးချစ်ရွှေ၊ ကိုအောင်မိုး၊ ကိုအောင်ခိုင်နှင့် အခြားအမည် မသိ အမျိုးသား ၂ ဦးကို လူမဆန်စွာ သတ်ဖြတ်သွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s