ရေစကြိုတွင် စစ်တပ် စစ်ဆေးရေး ဂိတ်စခန်း ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးရွာအနီးရှိ GTC နည်းပညာကျောင်းတွင် တပ်စွဲနေသော စစ်တပ်၏ စစ်ဆေးရေး ဂိတ်စခန်းကို ဇူ လိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဆိုင်ကယ်တွင် မိုင်းတပ်ဆင်ကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ် သား ၃ ဦး သေဆုံးခဲ့ကြောင်း Yesagyo Revolution Group – YRG အဖွဲ့ထံမှ သိရသည်။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များသည် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်၏ ကိုက် ၁၀၀ အကွာခန့်တွင် မိုင်းတပ်ဆင်ထားသော ဆိုင်ကယ်ကို ရပ်ထားပြီးနောက် ၃၅ မိနစ်ခန့် အကြာတွင် စစ်သား ၁ ဦးရောက်ရှိလာပြီး ဆိုင်ကယ်ကို ဂိတ်စခန်းအတွင်းသို့ တွန်းသွားကာ ဆိုင်ကယ် တူးဘောက်ကို ဖွင့်ကြည့်ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦးသည် ဆေးရုံး၌ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Yesagyo Revolution Group – YRG၊ Urban Underground Revolution Force – UURF၊ Shwe Nyar Myae – PDFနှင့် Zarmani Blood Guerilla Army-Myaing အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း Yesagyo Revolution Group – YRG အဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s