ဝက်လက်တွင် စဉ့်ကိုင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ တောရ သံဃာတော်တစ်ပါး ကျည်ထိမှန် ပျံ လွန်တော်မူ၊ ဒဏ်ရာရ ဆရာတော်ကို PDF တပ်များက ဝင်ရောက်ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နှင့် ဝက်လက်မြို့ အစပ်ရှိ စဥ့်ကိုင်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က တောရဘုန်းကြီးကျောင်းကို RPG ၂ လုံးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ဆရာ တော် ၁ ပါး ထိမှန်ကြောင်း၊ PDF အဖွဲ့က ဆရာတော်ကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် ပျံလွန်တော်မူခဲ့ကြောင်း တောကြီးမြွေပွေး တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာသို့ မဝင်ရောက်မီ စဥ့်ကိုင်ရွာ ဘုန်းကြီးကျောင်းဘေးရှိ လွမ်းစေတီကို စစ်တပ်က RPG ၂ လုံးဖြင့် ပစ်ခတ် ခဲ့သဖြင့် ဆရာတော်ကို လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ကယ်တင်ရန် ပြုလုပ်စဥ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ ပစ်ခတ်ပြီး ဆရာတော်အား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက အရှေ့ဘက်ကမ်း မနီးမဝေး အဲဒီဘက်ကနေပြီးတော့ ဆရာတော်က ဘုန်းကြီးကျောင်းရဲ့ရှေ့မှာ လွမ်းစေတီနဲ့ ဇရပ်လေးရှိတယ်။ အဲထဲကို စစ်ခွေးတွေက RPG ၂ လုံးပစ်သွင်း လိုက်တဲ့အချိန်မှာ ဇရပ်မှာရှိနေတဲ့ ဆရာတော်ကို ထိခိုက်သွားတယ်ပေါ့။ ဆရာတော် ထိသွားပြီဆိုပြီး ကျနော်တို့ အနေနဲ့ ဆရာတော်ရှိတဲ့ ​ကျောင်းပေါ် တက်ပြီး ဆရာတော်ကို ပြေးကယ်တယ်။ ဇရပ်ထဲမှာ မီးခိုးတွေထဲမှာ လုံးထွေးနေပြီးတော့ RPG ၂ လုံး​ကွဲထားတဲ့ အရှိန်နဲ့ပေါ့။ စစ်တပ်က RPG ပစ်သွင်းပြီးတာ စဥ့်ကိုင်ရွာကို တက်လာတာ။ အဲအချိန်မှာ ကျွန်တော်တို့က ဆရာတော်ကို ကယ်ထုတ်ဖို့ အတွက် ပစ်ရတာပေါ့။ ဆရာတော်က ပျံလွန်တော်မူသွားတယ်။ ကျွန်တော်တို့ အချိန်မှီ ကယ်နိုင်ပေမယ့် ထိခိုက်မှု ဒဏ်ရာ ပြင်းထန်တဲ့အတွက်ကြောင့် ဆရာတော်က ည ၇ နာရီလောက်မှာ ပျံလွန်တော် မူသွားတယ်” ဟု တောကြီးမြွေပွေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တောကြီးမြွေပွေးပျောက်ကျားတပ်ဖွဲ့၊ မတ်တရာ ( ပ က ဖ)၊ BO Tiger -ဗိုလ်ကျားကြီး၊ ဒေါင်းနီပျောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းတပ်ရင်း ( ၁) ၊နယ်စီးမခြား တော်လှန်ရေး အင်အားစု တို့မှ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်တပ် ဘက်မှ ၈ ဦးသေ ဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s