သာကေတ အမှတ် ၁ ရဲစခန်းအနီးတွင် အလွန်ပြင်းထန်သော ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီး စစ် တပ်က ရမ်းသမ်းပစ်ခတ်၊ တောင်ဒဂုံတွင် ဗုံး ၂ ကြိမ် ဆက်တိုက်ပေါက်၊ မန္တလေးရဲစခန်း ပစ် ခတ်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမပေါ်ရှိ အမှတ် ၁ ရဲစခန်းအနီးတွင် အလွန်ပြင်းထန်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင် ပြင်းထန်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်သံများ ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မြင်တော်သာ လမ်းကြီး အမှတ် ၁ ရဲစခန်းနားက ဗုံးပေါက်ကွဲသံက အတော်ကို ကျယ်တာ။ စစ်ကား ၂ စီးက မြင်တော်သာလမ်းမကြီးပေါ်မှာ ဖြတ်သန်းလှည့်နေတယ်။ ဗုံးပေါက်ပြီးတဲ့နောက် အပြန်အလှန် သေနတ်ပစ်ခတ်သံတွေလည်း ကြားရတယ်” ဟု သာကေတဒေသခံတစ်ဦးက ပြောဆိုသည်။
ထို့နောက် သာကေတမြို့နယ်တွင်ပင် ဒုတိယမြောက် ဗုံးပေါက်ကွဲသံ ယနေ့ည ၉ နာရီ ၁၄ မိနစ်အချိန်တွင် ထပ်မံ ထွက်ပေါ်လာကြောင်း သိရှိရသည်။
အလားတူ တောင်ဒဂုံမြို့နယ်တွင် ယနေ့ည ၉ နာရီ အချိန်နှင့် ည ၉ နာရီ ၁၇ မိနစ်အချိန်တွင် ပေါက်ကွဲသံများ ၂ ကြိမ် ကြားရပြီး ပစ်ခတ်သံတချို့လည်း ကြားရသည်ဟု ဒေသခံများက ပြောသည်။
“ဘယ်တွေမှာ ဘယ်လိုတွေ ဗုံးပေါက်နေလဲတော့မသိဘူးဗျ။ ဗုံးကွဲသံလည်းကြားရတယ် ပစ်သံလည်းကြားရတယ်”ဟု တောင်ဒဂုံဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း၈၀ နှင့် ၉ လမ်းရှိ အမှတ် ၄ ရဲစခန်းတစ်ခုကို ယမန့်နေ့ ည ၁၁ နာရီ အချိန်တွင် တွင် MRRF (Myanmar Return Ranger Force ) မြိုပြပျောက်ကျားအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးကြောင်း MRRF က သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s