သေဒဏ်ချမှတ်ခံထားရသည့် ဒဂုံတက္ကသိုလ် ကျောင်းသူကို တစ်သက်တကျွန်းသို့ ပြောင်းထား

ဒဂုံတက္ကသိုလ်၊ဓာတုဗေဒဌာနမှ ကျောင်းသူတဦးဖြစ်သူ မဆောင်းလေပြေ (ခ) ဇူဇူးကို စစ်ကောင်စီက သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်းသိရသည်။

မဆောင်းလေပြေက ၎င်းသည် အယူခံဝင်လိုက် သည့်အတွက် သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲပေးလိုက်ကြောင်း လွန်ခဲ့သည့်နှစ်ပတ်ခန့်က မိသားစုဝင်များ ထံသို့ပြောကြားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

“အယူခံဝင်တာအောင်တဲ့ အတွက် အခုတော့အမှုလျော့သွားပြီ ပြောတယ်။ အရင်က တိုက်ပိတ်ခံထားရတယ်၊ အခုတော့ အကျဘက်ကို ပြောင်း သွားရပြီလို့ပြောတယ်၊ တစ်သက်တစ်ကျွန်းဘက်ကိုပြောင်းသွားပြီလို့ ပြောတယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စစ်ကောင်စီလက်အောက်ခံ ဆရာမတစ်ဦးကို မြောက်ဥက္ကလာပအဝိုင်းတွင် ပစ်ခတ်ခံရခြင်းနှင့်ဆက်စပ်ပြီး မဆောင်းလေပြေသည် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက်၎င်းကို မြောက်ဥက္ကလာပမြို့နယ်စစ်ခုံရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂(၁) (ခ) ဖြင့် ၂၀၂၂ခုနှစ်မတ်လတွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မဆောင်းလေပြေသည် အင်းစိန်ထောင်တွင်း ရောက်ရှိနေပြီး ကျန်းမာရေးကောင်း မွန်လျက်ရှိနေကြာင်း သူမ၏ မိသားစုဝင်များကပြောပြသည်။

လက်ရှိအချိန်တွင် ဒဂုံတက္ကသိုလ်တွင် ကျောင်းသားများသမဂ္ဂမှကောက်ခံထားရသည့်ကျောင်းသားကျောင်းသူ ၄၀ကျော်ရှိနေပြီး ၎င်းတို့ထဲတွင် သေဒဏ်ချမှတ်ခံထားရသူ နှစ်ဦးရှိသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s