ဥကရစ်ထစခန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ် ပွား စစ်ကောင်စီတပ်ဖွဲ့ အကျအဆုံးရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ၊ဝေါလေမြိုင်ဒေသ ၊ဥကရစ်ထစစ်စခန်းအနီး ၊ရွှေအေးမြိုင်ကျေးရွာတွင် ယနေ့ဇူလိုင်လ၂၇ရက်နေ့ ညနေ ၄နာရီအချိန်၌ စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဥကရစ်ထစစ်စခန်းမှ ရွှေအေးမြိုင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့်အတွက် ကော်သူးလေတပ်မတော် Venom စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“RPGနှစ်လုံးနဲ့ စပစ်တယ် အခုက ညဖက်ဖြစ်နေလို့ ဟိုကောင်တွေ ဘယ်လောက်ကျတာ မသိသေးဘူး မနက်ကျမှသိမယ် ဖြစ်တာက ရွှေအေးမြိုင်ရွာသစ်နဲ့ ရွာဟောင်းမှာဖြစ်တာ နေ့ခင်းလောက်က သူတို့တွေမိုင်းနင်းမိသေးတယ် တပ်ခွဲမှူးတစ်ယောက်နဲ့ တပ်သားတစ်ယောက်ထိသွားတယ်၊ ဒီကောင်တွေမိုင်းနင်းမိတာ နာရီဝက် တစ်ခါလောက်ကို နင်းမိတာ”ဟု Venomစစ်ကြောင်းမှူး စောဝင်းမြင့်က ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်မှ Venomစစ် ကြောင်းရှိမည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ဥကရစ်ထစစ်စခန်းကို KNDO၊ KNLA၊ PDFပူးပေါင်းတပ်တို့မှ ဇွန်လ၂၆ရက်နေ့မှစတင်ပြီး ခုနစ်ရက်ကြာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ကာ စစ်ကောင်စီဘက်မှ ၂၀၀နီးပါး သေဆုံးခဲ့သေးသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s