ဦးဖြိုးမင်းသိန်းထံမှ ​ရွှေနှင့် ​​ဒေါ်လာယူသည်ဆိုကာ​ ဒေါ်​အောင်ဆန်းစုကြည်ကို ​​ထောင် ၅နှစ်ချထားသည့်အမှု အယူခံ တရားလွှတ်​တော်ချုပ်တွင်ကြားနာမည်

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ ​​ရွှေနှင့် ​ဒေါ်လာရယူခဲ့သည်ဟုဆိုပြီး နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်ကို ​ထောင်ဒဏ် ငါးနှစ် အမိန့်ချထားသည့်အမှု အယူခံကို ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်တွင် ကြားနာသွားမည်ဖြစ်​ကြောင်း သိရသည်။

လာမည့် သြဂုတ်လ ၁၇ရက်နေ့တွင် အဆိုပါ အမှုကို လက်ခံသင့်၊ မသင့် ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်တွင်ကြားနာမည်ဖြစ်​ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

ယင်းအမှုသည် ဒေါ်​အောင်ဆန်းစုကြည်ကို အ​မေရိကန်​ဒေါ်လာ ​ခြောက်သိန်းနှင့် အကယ်ဒမီအ​ခေါက်​ရွှေ ခုနစ်ပိဿာ​ပေးခဲ့​ကြောင်း ဦးဖြိုးမင်းသိန်းက ထွက်ဆိုထားပြီး ၎င်း၏ ထွက်ဆိုချက်အ​ပေါ် ​ဒေါ်​​​အောင်ဆန်းစုကြည်က “All Absurd” “အဓိပ္ပါယ်မဲ့”ဟု မှတ်ချက်​ပေးခဲ့သည်။

တရားလိုဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးကော်မရှင်ညွှန်ကြား​ရေးမှူး ဦးရဲထက်ကလည်း သက်​သေခံပစ္စည်းဖြစ်သည့် ​ရွှေနှင့်​ဒေါ်လာများကို ​ဒေါ်​အောင်ဆန်းစုကြည်ထံက သိမ်းဆည်းရမိခြင်းမရှိဟု ထွက်ဆိုခဲ့သည်။

ထို့​နောက် အမှုကို စွဲချက်တင်​ကြောင်း တရားရုံးက ​ဖေ​ဖော်ဝါရီ လကုန်ပိုင်းတွင် အမိန့်ချခဲ့ရာ အဆိုပါ စွဲချက်အမိန့်ကို ပယ်ဖျက်​ပေးရန် ​​ဒေါ်​အောင်ဆန်းစုကြည်၏ ​ရှေ့​နေအဖွဲ့က မတ်လအတွင်းက ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်သို့ ပြင်ဆင်မှု တက်ခဲ့​သေးသည်။

ထိုသို့ ပြင်ဆင်မှုတက်ထားစဥ်ကာလအတွင်း ​အောက်တရားရုံးက ဧပြီ ၂၆ရက်​​နေ့တွင် အပြီးသတ်အမိန့် ​ထောင်ဒဏ် ငါးနှစ်ကို ချမှတ်ခဲ့သည်။

ထို့​နောက် နှစ်လခန့်အကြာတွင် စွဲချက်အမိန့်အ​ပေါ် ပြင်ဆင်မှုတက်ထားခြင်းကို ပယ်ချလိုက်​ကြောင်း တရားလွှတ်​တော်ချုပ်က ထုတ်ပြန်ခဲ့သည်။

ယခု အယူခံမှာ အပြီးသတ်အမိန့်အ​ပေါ် ရာဇဝတ်အယူခံတက်ခြင်းဖြစ်ကာ အမှုကို လက်ခံရန် သင့်၊ မသင့် ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်တွင် ကြားနာရန် ချိန်းဆိုထားခြင်း ဖြစ်သည်။

ထို့အပြင် ယင်း​နေ့တွင် နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်ကို စီးပွား​ရေးလုပ်ငန်းရှင် ဦး​မောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ စွပ်စွဲထားသည့် အမှု နှစ်မှုကိုလည်း လက်ခံ သင့်၊ မသင့် ကြားနာသွားမည်ဖြစ်သည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် လက်ရှိတွင် အမှု​ခြောက်မှုအတွက် ​ထောင်ဒဏ် ၁၁ နှစ်ကျခံ​နေရပြီး ကျန်ရှိသည့်အမှုတစ်ဒါဇင်​ကျော်ကို ဆက်လက်တရားရင်ဆိုင်​နေရသည်။

၎င်းကို အမိန့်ချထားသည့်အမှုများနှင့်ပတ်သက်ပြီး အယူခံတက်ခြင်းများ ပယ်ချခံ​နေရ​သော်လည်း အယူခံအဆင့်ဆင့်တက်မည်ဖြစ်​ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောဆိုထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s