KNU တပ်မဟာ ၅ ထံ စစ်ကောင်စီ၏ ခမရ ၄၀၅ မှ တပ်သား ပြည့်ဖြိုးအောင် လက်နက်နှင့်တကွ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေသော အကြမ်းဖက်စစ်တပ်၏ ခမရ ၄၀၅ မှ တပ်သား ပြည့်ဖြိုးအောင်သည် ဇူလိုင်လ ၉ ရက် နံနက်အစောပိုင်း၌ စစ်တပ်ကို စွန့်ခွာထွက်ပြေးကာ လက်နက်နှင့်တကွ KNLA တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

တပ်သား ပြည့်ဖြိုးအောင်သည် ခူသူးထာ၊ မယ်ဝေ (မဲဝိုင်) ဒေသရှိ အကြမ်းဖက်စစ်တပ်အတွက် ထောက်ပို့ရိက္ခာသယ်ပေးရသည့် စစ်ကြောင်းမှ ဖြစ်ကြောင်း ၎င်းနှင့်အတူ MA3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၇၀ တောင့်နှင့်အတူ ယူဆောင်ကာ အလင်းဝင်လာကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ခမရ ၄၀၅ သည် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေစိုက် တပ်ရင်းဖြစ်ပြီး စကခ (၈) ထားဝယ် လက်အောက်ခံ တပ်ရင်း ၁ ခု ဖြစ်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s