ကွပ်မျက်ခံရသည့်ခေါင်းဆောင် ၄ ဉီးအတွက် CDF–Hualngoram က ၂ ရက်ဆက် လက်တုံ့ ပြန်တိုက်ခိုက်

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရိခေါဒါရ်စစ်ကောင်စီတပ်စခန်းအား ကွပ်မျက်ခံခဲ့ရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးအောင်သူရဇော်နှင့်ဦးလှမျိုးအောင်တို့အတွက် နှစ် ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟွားလ်ငိုးရမ်း)CDF–Hualngoram က ဇူလိုင်လ ၂၇ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် နှစ်ရက်ဆက်တိုက် မြို့တွင်းစစ်ဆင်ရေးဖော်ဆောင်ကာ မတရား သေဒဏ်စီရင်ခံခဲ့ရသောသော နိုင်ငံရေးခေါင်းဆောင်များအတွက် လက်တုံ့ပြန်ခြင်းအဖြစ် တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးအရအဓမ္မအနိုင်ကျင့်မှုကို တုံ့ပြန်ဖို့ ကျနော်တို့မှာဆန္ဒရှိတယ်။

ဒါကြောင့် အခုလို စစ်ဆင်ရေး ပြုလုပ်ခဲ့တာပါ” ဟု CDF – Hualngoram ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကိုပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့တိုက်ပွဲတွင် မိနစ် ၄၀ ခန့်ကြာမြင့်ပြီး ၂၆ ရက်နေ့တိုက်ပွဲမှာ မိနစ် ၂၀ကျော် ကြာမြင့်ခဲ့ ကာ အဆိုပါတိုက်ပွဲအတွင်း CDF–Hualngoram တပ်ဖွဲ့မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ အတည်မပြုနိုင်ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲ နှစ်ပွဲစလုံးတွင် CDF–Hualngoram တပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရိဒ်ခေါဒါရ်တပ်စခန်းတွင် စစ်ကောင်စီတပ်သားအင်အား ၂၀ ခန့်ရှိပြီး ဇိုးခွါးမွိုင်းလ်တပ်စခန်းတွင် အင်အား ၃၀ ကျော်ရှိကာ ဖလမ်းမြို့တပ်ရင်း ၂၆၈မှ ဒုတိယဗိုလ်မှူးကြီးဝေဖြိုးပိုင် ပူးတွဲအုပ်ချုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဒေသအတွင်းနယ်မြေစိုးမိုးမှုများမလုပ်ဆောင်နိုင်ဘဲ တပ်စခန်းတွင်း၌သာ နေထိုင်ကြပြီး အချိန်ပြည့် တိုက်ခိုက်ခံရသည့်အနေအထားမျိုးဖြစ်ကြောင်းဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် CDF–Hualngoram အနေဖြင့် ခံစစ်မှတိုက်စစ်သို့ အဖြစ်နိုင်ဆုံး အတတ်နိုင်ဆုံး ဖော်ဆောင်သွားရန်ရှိကြောင်းလည်း ပြောကြားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s