စစ်ကောင်စီကို အသက်ပေး တွန်းလှန်နေသည့် ပြည်သူများအတွက် နည်းပညာ၊ လက်နက်ခဲယမ်းများ ထောက်ပံကူညီရန် နိုင်ငံတကာသို့ NUG သမ္မတကြီးတောင်းဆို

စစ်ကောင်စီကို အသက်ပေးတွန်းလှန်နေသည့် ပြည်သူများအတွက် နည်းပညာ၊ လက်နက်ခဲယမ်းများ ထောက်ပံကူညီရန် နိုင်ငံတကာသို့ NUG သမ္မတကြီးက အရေးပေါ်နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်တောင်းဆိုလိုက်သည်။

” NUG အစိုးရနဲ့မဟာမိတ်တိုင်းရင်းသားညီအကိုတွေဝန်​ဆောင်မှုပေးနေတဲ့ အုပ်ချုပ်ရေးကဏ္ဍ၊တရားစီရင်ရေးကဏ္ဍ၊စစ်ပြေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ပံ့ရေးကဏ္ဍ၊ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများမှာ ငွေကြေးနဲ့နည်းပညာများနဲ့ ကူညီထောက်ပံ့ပေးဖို့ထပ်မံ တောင်းဆိုလိုပါတယ်။ အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက်အသက်ပေးတိုက်ပွဲဝင်နေသည့် ပြည်သူများအတွက် နည်းပညာ၊ လက် နက်ခဲယမ်းနှင့်ငွေကြေးများကို ထိရောက်စွာကူညီပံ့ပိုးပေးကြဖို့ အလေးအနက်တောင်းဆိုတင်ပြလိုပါတယ်” ဟု သမ္မတကြီးဒူဝါလရှီးလက ပြောသည်။

စစ်ကောင်စီ၏ ဝင်ငွေရပေါက်ရလမ်းများကိုလည်း ဖြတ်တောက်ပေးရန်၊ စစ်ကောင်စီကို လုံးဝအသိအမှတ်ပြုဆက်ဆံခြင်းများ မပြုလုပ်ရန် သမ္မတကြီးက ဆိုသည်။

” နိုင်ငံတကာအနေနဲ့စစ်ကောင်စီကိုလုံးဝအဆက်အဆံမပြုလုပ်ဖို့ တညီတညွတ်တည်း ဆောင်ရွက်ပေးကြပါ။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့အဓိကဝင်ငွေပင်မလှိုင်းတွေကို ဖြတ်တောက်ပေးကြပါ။ ရေနံနဲ့သဘာဝဓာတ်ငွေ့များက ရရှိတဲ့ အခွန်ဘဏ္ဍာများကို တားဆီးပိတ်ပင်ဖို့ မေတ္တာရပ်ခံလိုပါတယ် ” ဟု သမ္မတကြီးကပြောသည်။

စစ်ကောင်စီ၏ လူမဆန်သည့်သတ်ဖြတ်မှုများကြောင့် အာဆီယံအနေဖြင့်လည်း ချမှတ်ထားသည့် လမ်းစဥ်ငါးရပ်ကို ပြန်လည်သုံးသပ်သင့်ကြောင်း သမ္မတကြီးကထောက်ပြသည်။

NUG သမ္မတကြီးဒူဝါလရှီးလ၏ မိန့်ခွန်းတွင် ပြီးခဲ့သည့်ရက်ပိုင်း စစ်ကောင်စီကကြိုးပေးကွပ်မျက်ခဲ့သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါ အဝင်လေးဦးနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပြီး၊ ယင်းဖြစ်စဥ်မှာ နွေဦးတော်လှန်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်သည်ဟု သမ္မတကြီးကဆိုသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s