စစ်ကောင်စီနှင့်စစ်တပ်လော်ဘီဟန်ငြိမ်းဦး တို့ကို သတင်းပေးနေသည့် သူလျှို ဆိုသူအား ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ကရင်ပြည်နယ် KNUထိန်းချုပ်နယ်မြေတွင် တော်လှန်ရေးရဲဘော်အဖြစ် ဟန်ဆောင် ထားသည့် သူလျှိုဆိုသူကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်နှင့် စစ်တပ်၏လက်သပ်မွေး ဟန်ငြိမ်းဦးတို့ကို သတင်းပေးနေသည့် ပဲခူးမြို့ Civil People Defence Force(CPDF) အရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ် ပဲခူးအဖွဲ့မှ တာဝန်ခံဆိုသူ စံရှား(ခ)ဟိန်းပြည့်စုံ အားတိုင်းရင်းသားနယ်မြေတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇူလိုင်လ၂၈ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

“ဟန်ငြိမ်းဦးဆီကို သူ သတင်းပေးထားတဲ့ သက်သေတွေရရှိထားပါပြီ၊ သူ့ကိုတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ ဥပဒေတိုင်းအရေးယူဖို့ကို ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စံရှား(ခ)ဟိန်းပြည့်စုံသည် မြေအောက်တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ တော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု အယုံ သွင်း၍ တော်လှန်ရေးအဖွဲ့များကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်၊ ထို့သိုချဉ်းကပ်ခဲ့ပြီးသည့်နောက် ပဲခူးတွင် တော်လှန်ရေး ဆောင်ရွက်နေသည့် ရဲဘော်အများစု ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

CPDFအဖွဲ့၏ တာဝန်ခံဆိုသူ စံရှား(ခ)ဟိန်းပြည့်စုံသည် တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီကို အစဉ်အမြဲ သတင်းပေးခြင်းကိုဆောင်ရွက်ခဲ့သည်ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းသည် စစ်တပ်၏လက်ကိုင်တုတ် အမျိုးသားရေးအဖွဲ့တွင် ပါဝင်နေခြင်း၊ စစ်တပ်၏ လက်သပ်မွေး ဟန်ငြိမ်းဦးအား ပဲခူးမြို့အ တွင်းရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေး အချက်အလက်များကိုပေးပို့ခြင်း၊ တော်လှန်ရေးအတွက် ထောက်ပံ့သူများ၏ ကိုယ်ရေးအချက်အ လက်များကို စစ်ကောင်စီတပ်သို့ တိုက်ရိုက်သတင်းပေးခြင်းများ လုပ်ဆောင်ခဲ့သည်ကို သက်သေများရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအနေဖြင့် Civil People Defence Forceအဖွဲ့နှင့် ဆက်နွယ်ပက်သက် ဆောင်ရွက်ခြင်း မပြုကြရန်နှင့် တော်လှန်ရေး အသွင်ယူ အကြမ်းဖက်စစ်တပ်လက်ပါးစေ စံရှား(ခ) ဟိန်းပြည့်စုံအား အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားသည်။

စံရှား(ခ)ဟိန်းပြည့်စုံသည် ဟင်နရီဇက်(HZ)ဆိုသည့်အမည်ဖြင့် ယခင်က ဖေ့ဘွတ် အကောင့်ဖွင့်ကာ Bago PDF Support ဆိုသည့် အလှူခံ page အတု ဖွင့်လှစ်အလှူခံခဲ့သူဖြစ်ပြီး ၎င်းအလှူခံ pageသည် အတုဖြစ်ကြောင်း ၂၀၂၁ခုနှစ် သြဂုတ်လ ၁ ရက်တွင် မဇ္ဇျိမမှ ရေးသားဖော် ထုတ်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s