ဆားလင်းကြီး၊ ရေခါးကျေးရွာ အပါအဝင် ဒူထောက်ကျေးရွာ၊ ပိုင်းတောင်ကြီး အပါအဝင် မြောက်ဘက်ကျေးရွာများ အားလုံးကို စစ်တပ်က တစ်ရွာဝင် တစ်ရွာထွက် မီးရှိုနေ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာကိုလည်းအကြမ်းဖက်စစ်တပ်က အင်အား ၂၀ ကျော်ဖြင့် မီးဝင်ရှို့နေကြောင်း သိရှိရသည်။
“ရေခါးကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ရှိပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ဒီအတိုင်း ကျေးရွာကို ဝင်ပြီး မီးရှို့နေတာပါ” ဟု ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထို့ပြင် ဆားလင်းကြီးမြောက်ဘက်ပိုင်း ကျေးရွာများကို ယနေ့တစ်နေ့လုံး စစ်တပ်က မီးရှို့လျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ဒူထောက်မီးရှို့နေတယ်။ ပိုင်းတောင်ကြီးမီးရှို့နေပါတယ်။ဆားလင်းကြီးမြို့မြောက်ဘက်ခြမ်းတွေမီးပတ်ရှို့နေပါတယ်။ ခုထိရှို့မပြီးသေးကြဘူးလားမသိဘူး။ စစ်ခွေးတွေက ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit