တန့်ဆည်တွင် တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၅ ဦးခန့်သေ ဆုံးနိုင်၊ အင်းတော်နှင့်ကန့်ဘလူတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးသေ ဆုံးကာ ၁ ဦးအရှင်ဖမ်းမိ

စစ်ကိုင်းတို်ငး၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကံထူးမရဲစခန်းကို ဇူလိုင်လ၂၇ရက်တွင် တန့်ဆည်PDF ပူးပေါင်းအဖွဲ့ ပစ် ခတ်တိုက် ခိုက်ရာမှ တိုက်ပွဲ၃ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သားနှင့်ရဲ ၁၅ ဦး ခန့် သေဆုံးနိုင်ကြောင်း တန့်ဆည် PDF ထံမှ သိရသည်။

တန့်ဆည်မြို့နယ် ရေဦးကုန်းရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဇူလိုင်လ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် တန့်ဆည်PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁၀မိနစ်ခန့် စောင့်ကြို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြီး PDFရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိကြောင်း သိရသည်။

အထိနာနေသော စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ်၁၂နာရီခန့်တွင် ချောင်းဆုံ(တ)ရွာသို့ ဝင်ရောက်လာစဉ် PDF ပူးပေါင်းအဖွဲ့နှင့် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုအပြင် တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကိုဇူလိုင်လ ၂၇ ရက်နေ့ ည၁၀နာရီ ၅၀မိနစ်အချိန်တွင် တန့်ဆည်PDF တပ်ရင်း(၆)က လက်နက်ကြီ းဖြင့် ၅ချက် ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စခန်းတွင်းရှိရဲများ သေဆုံးမှုများနိုင်ကြောင်း သိရသည်။

“တစ်ရက်တည်းနဲ့ မတူတဲ့ နေရာ၃ခုမှာ တိုက်ပွဲဖြစ်တာ၊ စခတွေဘက်က အကျများလို့ ကျွန်းလည်ရွာဘက်ကနေ ကားနဲ့လာသယ်သွားတယ်ကြားတယ်၊ ကိုယ့်ဘက်က ရဲဘော်တစ်ဦး လက်နက်ကြီးအစ ကျောထိမှန်တဲ့ဒဏ်ရာရတယ်၊ မစိုးရိမ်ရပါဘူး”ဟု မြေပြင်သတင်းရင်းမြစ် တစ်ဦးကပြောသည်။

ဇူလိုင်လ၂၇ ရ က်နေ့ တွင် တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ပြီး တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း (၈)၊ မြို့နယ်ပ.က.ဖနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း တန့်ဆည်PDF ထံမှ သိရှိရသည်။

အလားတူ ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်း စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ် ရေးတပ် မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော် ပြသည်။

အင်းတော်မြို့နယ် မော်လူးနှင့် နဘားကြားရှိ KTVတွင် သောက်စားပြီး ငွေညစ်လာသည့် တပ်မ(၈၈) လက်အောက်ခံတပ်ရင်း (၄၁၆)မှ တပ်သားချမ်းအေးနှင့် တပ်ကြပ် သူရအောင်အား KIAနှင့် PDF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး တပ်သားချမ်းအေးကို အရှင်ဖမ်းမိပြီး တပ်ကြပ်သူရ အောင် သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ဇူလိုင် ၂၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ အုန်းခြောက်လုံးရွာအနီး KLPDF တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပကဖ၊ ကန့်ဘလူမြို့နယ် ပကဖ တို့ ပူးပေါင်း၍ ညနေ ၄ နာရီ ၃၀ ခန့် အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးကြောင်း Kawlin Revolution KR က သတင်းထုတ်ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s