ထီးချိုင့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက် ခိုက်ခံရပြီး ၃ ဦးထက်မနည်း ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကျောင်းကုန်းဘက်ကနေ ထီးချိုင့်မြို့အတွင်း ပြန်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ထီးချိုင့်မြို့အဝင်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ Tigyaing Revolution-TR က ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Tigyaing Revolution-TR သတင်းပြန်ကြားရေးတာဝန်ခံက “ကျောင်းကုန်းဘက်က ပြန်ဆုတ်လာတဲ့ကောင်တွေ ထီးချိုင့်မြို့ထဲအဝင်ကို သူတို့စစ်ကြောင်းကို မိုင်း ၂ လုံးနဲ့ ဖောက်ခွဲခဲ့တာပေါ့ဗျာ။ အဲ့မှာ ၃ ယောက်လောက်တော့ လူနာတင်ကားနဲ့ တင်သွားတာ တွေ့တယ်။ ဒါပေမဲ့ ၃ ယောက်လုံး သေတယ်လို့တော့ မပြောနိုင်သေးဘူးလေ။ သေတာတော့သေတယ်ဗျ။ ၂ ဦးသေတယ်တော့ ကြားတယ်။ ဟိုလိုအတည်မပြုနိုင်တာပေါ့လေ။ သေတာတော့သေတယ်ဗျ” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ မိုင်းဆွဲပြီးတော့ ပြန်ဆုတ်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ရမ်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူတွေ ထိခိုက်မှု တစုံတရာ မရှိခဲ့​ဘူးလို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s