ပေါင်းတည် သစ်ပုတ်ကျေးရွာတိုက်ပွဲတွင် စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများရရှိ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာတိုက်ပွဲတွင် စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများရရှိကြောင်း ပေါင်းတည် PDF မှ ပြန်ကြားရေးတာဝန်ခံ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်ကျေးရွာ၌ တာဝါတိုင်စောင့်နေသော အ ကြမ်း ဖက်စစ်ကောင်စီတပ်သားများနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ကြောင်း၊ MA3 ၁ လက်၊ ပစ္စတို ၁ လက်၊ စကားပြောစက် ၁ လုံး၊ ဖုန်း ၄လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“အရာရှိတစ်ဦး၊ တပ်ကြပ် တစ်ဦး နဲ့အခြားအဆင့် နှစ်ဦး သေပါတယ်။ လက် နက် ၂ လက်လည်း သိမ်းဆည်းရမိပါတယ်။ MA 3 တစ်လက် ပစ္စတို တစ် လက်ပါ”ဟု ပေါင်းတည် PDF ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ရှင်းလင်းပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s