ရာအိမ်မှူးသေဆုံးမှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် အသက် ၁၉ နှစ် အရွယ်လူငယ်ကို တစ် သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးသေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်စဉ်နှင့်ဆက်စပ်ပြီး စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသော အသက် ၁၉ နှစ်အရွယ် မောင်အောင်ချမ်းမြေ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၁) ရပ်ကွက်၊ ယုဇနလမ်းတွင်နေထိုင်သော ရာအိမ်မှူးအား သေနတ်ဖြင့်ပစ်ခတ်ရာတွင် ပါဝင်သည်ဟုဆိုကာ မောင် အောင်ချမ်းမြေ့အပါအဝင် လူငယ်လေးဦးအား စစ်ကောင်စီကဖမ်းဆီးခဲ့သည်။

ယင်းနောက် ၎င်းတို့လေးဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀ (က) / ၅၄ ဖြင့် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သေဒဏ်ကျကျချင်းပဲ အယူခံဝင်တယ်။ အယူခံဝင်တော့ ရန်ကုန်တိုင်းကတော့ လက်မခံဘူး၊ စာပြန်ပို့ တယ်။ တခြားမြို့နယ်တွေဆီကို ပို့တဲ့စာတွေကတော့ ပြန်မရောက်ဘူး။ ဒီနှစ် လေးလပိုင်းမှာတော့ အယူခံ အောင်သွားတယ်လို့ပြောတယ်။ ထောင်ထဲက အောင်တာလား၊ မိသားစုဝင်တွေ ပို့လို့အောင်တာလား သေချာတော့ မသိပါဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ အယူခံအောင်မြင်ကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပြီးနောက် ယခင်နေထိုင်ရသော အင်းစိန်အကျဉ်းထောင် “သေဒဏ်” တိုက်မှ ယခုနှစ်မေလတွင် တစ်သက်တစ်ကျွန်းအဆောင်သို့ ရွှေ့ ပြောင်းလိုက်ကြောင်းလည်း ၎င်းက ပြောသည်။

“၅ လပိုင်း ၁ ရက်နေ့ကျတော့မှ ယူနီဖောင်း တရားဝင်ပြောင်းတယ်။ အရင်တုန်းက ၄ လပိုင်းကုန်တဲ့အထိ လိမ္မော်ရောင်ပေါ့နော်။ ၅ လပိုင်း ၁ ရက်နေ့မှ အပြာရောင်ပြောင်းသွားပါတယ်” ဟု ပြောသည်။

ထို့ပြင် မောင်အောင်ချမ်းမြေ့သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသည့်အပြင် နောက်ထပ်တိုး အမှုငါးမှုဖြင့်တရားစွဲခံထားရပြီး လက်ရှိတွင် ထောင်ဒဏ်သုံးနှစ် ချမှတ်နိုင်သော ပုဒ်မ ၅၀၅ (က) ဖြင့် လည်း တရားရင်ဆိုင်နေရသည်။

အဆိုပါ ပုဒ်မ ၅၀၅(က)အမှုကို လာမည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ် ကြောင်း မိသားစုနှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှား ဆန့်ကျင်ဆန္ဒပြသော နိုင်ငံရေးသမားများ၊ ကျောင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအား စစ်ကောင်စီ က ဖမ်းဆီးပြီး ကြီးလေးသောပြစ်ဒဏ်များဖြင့် ထောင်သွင်းအကျဉ်းချထား သည်။

ယင်းအနက် ထင်ရှားသောအတိုက်အခံ နိုင်ငံရေးသမား ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦး ကို သေဒဏ်ပေးကွပ်မျက်လိုက်သည့် စစ်ကောင်စီ၏လုပ်ရပ်က လူများကိုအံ့ဩတုန်လှုပ်စေပြီး ပြည်တွင်း ပြည်ပတော်လှန်ရေးအင်အားစုများနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ထိုလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s