ရေလယ်ကျွန်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကြားရှိ ရေလယ်ကျွန်းရွာတွင် ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေပြီး ၂၅ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု(တပ်ရင်း ၁၈) မှ တပ်ရင်းမှူးဗိုလ်စွန်ရဲက ပြော သည်။
ရေလယ်ကျွန်းရွာအတွင်းဝင်ရောက်နေသည့် အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်ကို ယမန့်နေ့ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံကာကွယ်ရေးတပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
“ ကျွန်တော်တို့က စဉ့်ကိုင်ဘုန်းကြီးကျောင်းထဲမှာ နေရာယူထားတယ်။ သူတို့က ရေလယ်ကျွန်းရွာရဲ့ အနောက်ဖက် လဲဝါတောထဲမှာ နေရာယူ ထားတယ်။ သူတို့ကို တောင်ရိုးပေါ်ကနေ ဒီအတိုင်း မြင်နေရတာ ပေါ့။ ပထမတော့ သူတို့ လေးယောက်တစ်တွဲထွက်လာတာ။ ကျွန်တော်တို့ နေရာနဲ့ကွက်တိပဲဆိုတော့ ပစ်လိုက်တဲ့အချိန်မှာ အဲဒီလေးယောက်လုံး ကျွန်တော်တို့ရလိုက်တယ်။ နောက်ထပ်ထွက်လာတဲ့ ၁၀ ယောက် လောက် ရှိမယ့် အသုတ်ထဲကို ကျွန်တော်တို့ပစ်လိုက်တယ်။ ပစ်လိုက်တော့ တော်တော်များများ လဲသွားတာ မြင်ရတယ်။ တချို့လည်း ဝပ်တယ်လို့တော့ထင်တယ် တချို့က လဲသွားတာ သိတယ်။ သူတို့ လက်နက်ကြီးထားတဲ့နေရာကို ကျွန်တော်တို့ အပေါ်ကနေ ဒရုန်းနဲ့ချလိုက်တယ်။ ချလိုက်တဲ့အချိန်မှာ ကွဲသွားတဲ့အကွဲစနဲ့ သူတို့ရှိတဲ့အဖူးတွေပါ ထပေါက်တဲ့အခါ အများကြီး ဒဏ်ရာရသွားတာ။ ကျွန်တော်တို့ ရတဲ့ သတင်းအရကတော့ ခြောက်ယောက်သေတယ် ၂၅ ယောက် ဒဏ်ရာရတယ်လို့ မော်တော်ပေါ် တင် ပေးရတဲ့သူတွေကပြောတာပေါ့လေ။ အခုထပ်ဝင်လာတာက နောက်ထပ် နှစ်လောင်းထပ်တွေ့တယ်တဲ့။ ပီနံအိတ်တွေနဲ့ ထုတ်ပြီးတင်လာတာ ရှစ်လောင်းဖြစ်တယ်တဲ့ အသေက” ဟု တပ် ရင်းမှူး ဗိုလ်စွန်ရဲက ပြောသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘဲ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် စဉ့်ကိုင်ဘုန်းကြီးကျောင်းရှိ ဘုန်းကြီးတစ် ပါးနှင့် ကိုရင်တစ်ပါး လက်နက်ကြီးစ ထိမှန်မှုရှိခဲ့ကြောင်း သိရ သည်။
အဆိုပါတိုက်ခိုက်မှုကို ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုနှင့်အတူ မတ္တရာ ပကဖ၊ adventure ဒရုန်းအဖွဲ့၊ တောကြီးမြွေ ပွေး၊ ဗိုလ်ကျားအဖွဲ့ စသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၂၆ ရက်နေ့ညက သန်းထွဋ်ဝင်းဆိုသည့် ပျူခေါင်းဆောင်ကို မတ္တရာပကဖမှ ဝင်ရောက်ရှင်းလင်း ရာတွင် ပျူခေါင်းဆောင်မှ သေနတ်၊ လက်ပစ်ဗုံးဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များ ဒဏ်ရာအချို့ဖြင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေလယ်ကျွန်းရွာသို့ ရောက်ရှိလာခဲ့ပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ mizzima