ရေးဘီလူးအဖွဲ့က ရေးမြို့မရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်ရှိ မြို့မရဲစခန်းကို ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ရေး ဘီလူးအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ရေးဘီလူးအဖွဲ့မှတာဝန်ရှိသူက “ကျွန်တော်တို့ ရေးဘီလူးအဖွဲ့ မနေ့က မြို့မရဲစခန်းကို သွားရောက်တိုက် ခိုက်တာပါ။ ကနဦးမှာတော့ ရဲတပ်ဖွဲ့ဝင် သုံးဦးသေတယ်၊ ငါးဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံရောက်မှ နောက်တစ်ဦး ထပ်သေတယ်လို့ကြားရတယ်”ဟု ပြောသည်။
အဆိုပါ ရေးမြို့မရဲစခန်းအား ဝင်ရောက်စီးနင်းပစ်ခတ်မှုပြုလုပ်ချိန်တွင် နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။mizzima